![]() | |
၁။ဘုရားများဟူ၍ ကောင်းပင်အောက် မြေကြီး အပေါ်၌ ရှိသောဘုရားမူကားကားအဘယ်သို့ရှိသနည်း။ ဘုရားများ၊အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သောသူ
အများရှိသော်လည်း၊ ကောရိ န္တု သြဝါဒစာပဌမစောင် ၈း၅
၂။ကောင်းကင်နှင့် မြေကြီးအပေါ်၌ခပ်သိမ်းသောအရားများဖန်ဆင်းတော်မူသောဘုရားသခင်အဘယ်သို့နည်း
သင်ကို ရွေးနုတ်တော်မူ၍၊ဘွားစကပင်သင့်ကိုပြုပြင် တော်မူသောထာဝရဘုရားမိန့်တော်မူသည်ကား၊မိုဃ်း
ကောင်းကင်ကို ငါတပါးတည်းကြက်လျက်၊ မြေကြီးကိုအဘော်မရှိဘဲခင်းလျက်၊ခပ်သိမ်းသောအရာတို့ကိုဖန်
ဆင်းသော ထာဝရဘုရားဖြစ်၏။ ဟေရှာယအနာဂတ္တိကျမ်း ၄၄း ၂၄
မိုဃ်းကောင်းကင်ကိုဖန်ဆင်း၍ကြက်တော်မူထသော၊ မြေကြီးနှင့်မြေကြီးထဲက ဖြစ်သမျှတို့ကိုခင်းကျင်း တော်
မူထသော၊ မြေကြီးပေါ်မှရှိသောသူတို့အားအသက်ကိုင်း၊ မြေကြီးကို လျှောက်လှမ်းသူတို့အားဝိညာဉ်ကို၎င်း
ပေးတော်မူသော ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟေရှာယအနာဂတ္တိကျမ်း၄၂း ၅
ငါသည်မဟာတန်ခိုးနှင့်လက်ရုံးကိုဆန့်လျက်၊ မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသောလူနှင့်တိရစ္ဆာန်တို့ကို၎င်း
ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။ ယေရမိအနာဂတ္တိကျမ်း ၂၇း၅
ထိုသူတို့သည်သင်တို့ကိုသင်တို့ပြည်မှအဝေးသို့ ရွှေ့သွားစေ ခြင်းငှါ၎င်း၊သင်တို့ကိုငါနှင်ထုတ်၍ဆုံးရှုံးစေခြင်း
ငှါ၎င်း၊မုသာစကားကို ဟောပြောတတ်ကြ၏။ဗာဗုလုန်ရှင်ဘုရင်၏ထမ်းဘိုးကိုထမ်း၍၊သူ၏အစေကိုခံသောလူ
မျိုးတို့အား
မိမိတို့ပြည်၌ နေရသော အခွင့်ကို ငါပေးသဖြင့်သူတို့သည်မိမိတို့မြေ၌လုပ်၍
နေရကြလိမ့်မည်ဟု
ထာဝရဘုရား မိန့်တော်မူ၏။ယေရမိအနာဂတ္တိကျမ်း ၂၇း၁-၁၁
၃။ဘုရားသခင်ကိုသိလျက်ပင်း အဘယ်သို့သောဘုရားများ ကိုချီးမွမ်းခြင်းရှိကြသနည်း။အကြောင်းမူကား၊ထိုသူတို့သည်ဘုရားသခင်ကိုသိလျက်ပင်၊ဘုရားသခင်ကိုချီးမွမ်းသင့်သည်အတိုင်းမချီးမွမ်း၊
ကျေးဇူးတော်ကိုလည်းမသိမမှတ်၊အချည်းနှီးတွေးဆခြင်း၊သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။
ပညာရှိယောင် ဆောင်လျက်နှင့်လူမိုက်အရာ၌တည်ကြသည်ဖြစ်၍၊မဖောက်ပြန်မပျက်ဆီးနိုင်သောဘုရားသ
ခင်၏ဂုဏ်တော်ကိုပယ်လျက်၊ဖောက်ပြန်ပျက်စီးတတ်သောလူ၏ရုပ်တု၊သားငှက်အစရှိသောတွားတတ် သော
တိရစ္ဆာန်၏
ရုပ်တုတို့ကိုဘုရားသခင်အရာ၌ မြှောက်ကြ၏။ထိုကြောင့်သူတို့သည်မိမိတို့ကိုယ်ကာယ၏အသ
ရေကိုအချင်းချင်းရှုတ်ချမည်အကြောင်း၊ဘုရားသခင်သည်သူတို့ကိုသူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်
သို့ အပ်လိုက်တော်မူ၏။ ရောမသြဝါဒစာ ၁း၂၁-၂၄
၎။ထာဝရ ဘုရားသခင်သည် မောရှေနှင့် အာရုန်အား အဘယ်သို့မှာထားတော်မူသနည်း။ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာ၏အရာနှင့်ဆိုင်သောအမှုဟူမူကား၊မီးထွန်းစရာဆီ၊မီးရှို့ရာနံ့သာ ပေါင်း
မွှေး၊နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ၊လိမ်းရန်ဆီအစ ရှိသော တဲတော်နှင့်တဲ
တော်တန်ဆာ ရှိသမျှတို့ကို၎င်း၊ သန့်ရှင်းရာဌာတော်နှင့် သန့်ရှင်းသောတန်ဆာရှိသမျှတို့ကို၎င်းကြည့်ရှုပြုစု ရမည်။တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊ကောဟတ်အဆွေအမျိုးအ
နွှယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။သူတို့သည် အလွန်သန့်ရှင်သောအရာတို့ကိုချဉ်းကပ်ကြ
သောအခါ သေဘေးလွတ်၍အသက်ရှင်မည်အကြောင်း၊အာရုန်နှင့်သူ၏သားတို့သည်အရင်ဝင်၍၊လူအသီး
အသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို။ တောလည်ရာကျမ်း ၄း၁၆-၁၉
၅။လူလက်ဖြင့် လုပ်သော ဘုရားများတို့မူကား အဘယ်သို့ရှိကြသနည်း။ထိုအရပ်တို့၌၊လူလက်ဖြင့်လုပ်၍မမြင်နိုင်၊မကြားနိုင်၊မစားနိုင်၊မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရား
တို့ကို သင်တို့သည် ဝတ်ပြုကြရလိမ့်မည်။ တရားဟောရာကျမ်း ၄း၂၈
သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏၊၊ ရွှေလည်းဖြစ်၏၊၊ လူလက်ဖြင့်လုပ်သောအရာပေတည်း၊၊ထိုရုပ်
တုတို့သည် နှုတ်ရှိ၍စကားမပြောတတ်၊၊မျက်စိရှိ၍မမြင်တတ်၊၊နားရှိ၍မကြားတတ်၊၊နှာခေါင်းရှိ၍မနမ်းတတ်၊၊
လက်ရှိ၍မကိုင်တတ်၊၊ ခြေရှိ၍မသွားတတ်၊၊သူတို့လည်ချောင်းဖြင့်အသံမပြုတတ်ပါတကား၊၊လုပ်သောသူတို့
လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။ဆာလံကျမ်း ၁၁၅း ၄-၇
တဖန်ဧလိယက၊ထာဝရဘုရား၏ပရောဖက်ကားငါတယောက်တည်းကျန်ရစ်၏။ဗာလ၏ပရောဖက်ကားလေး
ရာငါးဆယ်ရှိကြ၏။နွားနှစ်စ်ကောင်ကိုပေးကြလော့။သူတို့သည်တကောင်ကို ရွေး၍
အပိုင်းပိုင်းဖြက်ပြီးလျှင်
၆။ရုပ်တုကိုသွန်းသော သူအပေါင်းတို့သည် အဘယ်ကဲ့သို့ဖြစ်ကြသနည်း။
ထင်းပေါ်မှာတင်ပါလေစေ။မီးမထည့်စေနှင့်။ငါလည်းနွားတကောင်ကိုလုပ်၍ထင်းပေါ်မှာတင်မည်။မီးကိုမထည့်။
သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ငါလည်းထာဝရဘုရား၏နာမတော်ကိုဟစ်ခေါ်
မည်။မီးဖြင့်ထူးတော်မူ သောဘုရားသည်ဘုရားသခင်မှန်ပါစေဟုလူများတို့အားပြောဆိုလျှင်၊လူအပေါင်းတို့က၊
ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟုဆိုကြ၏။တဖန်ဧလိယက၊သင်တို့သည်များသောကြောင့် နွား
တကောင်ကိုအရင်ရွေ့၍လုပ်ကြလော့။မီးမထည့်ဘဲသင်တို့ဘုရားများ၏နာမကိုဟစ်ခေါ်ကြလော့ဟုဗာလ၏
ပရောဖက်တို့အားဆိုသည်အတိုင်း၊သူတို့သည်လူများပေးသောနွားကိုယူ၍လုပ်ပြီးလျှင်၊အိုဗာလဘုရား၊အကျွန်ုပ်
တို့အားထူးတော်မူပါဟုနံနက်အချိန်မှစ၍မွန်းတည့်အချိန်တိုင်အောင်ဗာလ၏နာမကိုဟစ်ခေါ်ကြ၏။သို့ရာတွင်
ဗျာဒိတ်သံမရှိ။ထူးသောသူလည်းမရှိ။သူတို့သည်ကိုယ်တည်သောယဇ်ပလ္လင်ရှေ့မှာကခုန်ကြ၏။မွန်းတည့်အချိန်၌
ဧလိယက၊ကျယ်သောအသံနှင့်ဟစ်ကြလော့။ဗာလသည်ဘုရားဖြစ်တော်မူ၏။ဆင်ခြင်လျက်နေတော်မူ၏။သို့
မဟုတ်တစုံတခုကိုလိုက်၍ရှာတော်မူ၏။သို့မဟုတ်ခရီးသွားတော်မူ၏။သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊
တစုံတယောက်သောသူသည်
နှိုးရမည်ဟုပြက်ယယ်ပြု၍ဆို၏။သူတို့သည်လည်းကျယ်သောအသံနှင့်ဟစ်၍ထုံး
စုံရှိသည်အတိုင်း၊ကိုယ်အသွေးနှင့်ကိုယ်ကိုလူးခြင်းငှါထား၊သံစူးနှင့်ကိုယ်ကိုရှစေကြ၏။မွန်းလွဲ၍ညဦးယံယဇ်ပူ
ဇော်ချိန်တိုင်အောင်ပရောဖက်ပြုကြသော်လည်း၊ဗျာဒိတ်သံမရှိ။ထူးသောသူ၊အမှုထားသောသူလည်းမရှိသော
အခါ၊ဧလိယက၊ငါ့အနီးသို့လာကြလော့ဟုလူများတို့ကို ခေါ်သည့်အတိုင်း၊လူအပေါင်းတို့သည်အနီးသို့လာကြ၏။
ထိုအခါ ဧလိယသည်ပြိုပျက်သော ထာဝရဘုရား၏
ယဇ်ပလ္လင်ကိုရှင်းလင်းပြီးမှ၊သင်၏အမည်ကားဣသရေ
လဖြစ်ရမည်ဟူသောထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသောယာကုပ်သားအမျိုးအနွှယ်အရေအတွက်အတိုင်း၊
ကျောက်တဆယ်နှစ်လုံးကိုယူ၍၊ထာဝရဘုရား၏နာမတော်အဘို့ယဇ်ပလ္လင်ကိုတည်ပြီးမှ၊မျိုးစေ့နှစ်တင်းလောက်
ဝင်နိုင်သောကျူံးကိုယဇ်ပလ္လင်ပတ်လည်၌တူးလေ၏။ထင်းကိုစီး၍ နွားကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျှင်ထင်းပေါ်
မှာတင်လေ၏။အိုးလေးလုံးကိုရေနှင့်အပြည့်ထည့်၍၊မီးရှို့စရာယဇ်နှင့်ထင်းပေါ်မှာ
လောင်းကြလော့ဟုဆိုသည့်
အတိုင်းသူတို့သည် လောင်းပြီးမှ၊တဖန်လောင်းကြဦးလော့ဟုဆိုသည့်အတိုင်းသူတို့သည်လောင်းပြီးမှ၊သုံးကြိမ်
တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊သူတို့သည်သုံးကြိမ်တိုင်အောင်လောင်းကြ၏။ရေသည်ယဇ်
ပလ္လင်ပတ်လည်၌စီး၍ကျုံးသည်လည်းရေနှင့် ပြည့်လေ၏။ညဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ၊ပရောဖက်ဧ
လိယသည်ချဉ်းလာ၍၊အာဗြဟံ၊ဣဇာက်၊ဣသရေလတို့၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေ
လအမျိုး၏ဘုရားသခင်
ဖြစ်တော်မူကြောင်းကိုင်း၊အကျွန်ုပ်သည်ကိုယ်တော်ကျွန်ဖြစ်၍အမိန့်တော်အတိုင်းဤ
အမှုအလုံးစုံတို့ကို ပြုကြောင်းကိုင်း၊ယနေ့သိကြပါစေသော၊အိုထာဝရဘုရား၊ကိုယ်တော်သည်ထာဝရအရှင်ဘု
ရားသခင် ဖြစ်တော်မူကြောင်းကိုင်း၊ဤလူတို့စိတ်သဘောကိုပြောင်းလဲစေတော်မူကြောင်းကိုင်း၊သူတို့သည်သိစေ
ခြင်းငှါအကျွန်ုပ်စကားကိုနားထောင်တော်မူပါ။နားထောင်တော်မူပါဟုဆုတောင်းလေ၏။ထိုအခါထာဝရဘုရား၏
မီးသည်ကျသဖြင့်၊မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ကျူံး၌ရှိသောရေကိုလည်းခန်း
ခြောက်စေ၏။လူအပေါင်းတို့သည်မြင်လျှင် ပြပ်ဝပ်၍၊ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏။ထာဝရ
ဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ ဟုဝန်ခံကြ၏။ ဓမ္မရာဇဝင် တတိယစောင်၁၈း ၂၂-၃၉
လူမည်သည်ကား၊မိမိဥာဏ်အားဖြင့်တိရိစ္ဆာန်ကဲ့သို့ဖြစ်၏။ရုပ်တုကိုသွန်းသောသူတိုင်းမိမိလုပ်သောရုပ်တုအား
ဖြင့် မှောက်မှားလျက်ရှိ၏။အကြောင်းမူကား၊သွန်းသောရုပ်တုသည်မုသာဖြစ်၏။သူ၌လည်းထွက်သက်ဝင်သက်
မရှိ။ထိုသို့သောအရာတို့သည်အချည်းနှီးသက်သက်ဖြစ်ကြ၏။လှည့်စားသောအရာလည်း ဖြစ်ကြ၏။စစ်ကြောခြင်း
ကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြလိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၁၀း ၁၄-၁၅
၇။ရှေကာလ၌ ဗာဗုလုမ် ရှင်ဘုရင်ကြီး သည် အဘယ်သို့သော ဘုရားကိုးကွယ်ခြင်းရှိသနည်း။
အရှင်သားတော် ဗေလရှာဇာ၊ကိုယ်တော်သည်ထိုအမှုအလုံးစုံတို့ကိုသိသော်လည်း၊စိတ်နှလုံးကိုမနှိမ့်ချဘဲ၊ကောင်း
ကင်ဘုံ၏အရှင်ကိုဆန့်ကျင်ဘက်ပြု၍၊ဗိမာန်တော်၏ဖလားတို့ကို
ရှေ့တော်သို့ယူခဲ့စေ၍၊ကိုယ်တော်တိုင်မှစသော
မှူးတော်မတ်တော်၊မိဖုရား၊
မောင်းမမိဿံတို့သည်ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား။မျက်စိမမြင်၊
နားမကြား၊ အဘယ်အရာကိုမျှမသိသော ငွေဘုရား၊ ရွှေဘုရား၊
ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊
ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊
ကိုယ်တော်၏အသက်သခင်တည်း ဟူသောကိုယ်တော်၏အမှုအလုံးစုံတို့ကို
စီရင်ပိုင်တော်မူသောဘုရားသခင်ကိုမချီးမွမ်းဘဲနေပါပြီတကား။ထိုကြောင့်၊လက်ဖျားကို စေလွှတ်၍ထိုစာကိုရေးစေတော်မူ၏။
စာချက်ဟူမူကား၊ မေနေမေနေ၊ တေကလ၊ ဖေရက်ဟုအက္ခရာတင်လျက်ရှိ၏။မေနေ၏အနက်အဓိပ္ပါယ်ကား၊
ကိုယ်တော်၏နိုင်ငံကိုဘုရားသခင်ရေတွက်၍ဆုံးစေတော်မူ၏။တေကလ၏အနက်အဓိပ္ပါယ်ကား၊ကိုယ်တော်
ကိုချိန်ခွင့်နှင့်ချိန်၍ လျော့ကြောင်းကို တွေ့မြင်တော်မူ၏။ ဒံယေလအနာဂတ္တိကျမ်း ၅း၂၃-၂၇
၈။မိမိ လက်ဖြင့် လုပ်သောဘုရားများတို့အမှုရောက်သောအခါအသင့်အားကယ်တင်နိုင်တော်မူမည်သနည်းကိုယ်အဘို့သင်လုပ်သောဘုရားတို့သည်အဘယ်မှာရှိကြသနည်း။အမှုရောက်သောအခါသူတို့သည်တတ်နိုင်
လျှင်ထား၍ကယ်ကြပါလေစေဟုအိုယုဒပြည်၊သင်သည်မြို့များအရည်အတွက်ရှိသည်အတိုင်း၊သင်၏ဘုရားများ
ရှိပါသည် တကား။ ယေရမိအနာဂတ္တိကျမ်း၂း ၂၈
၉။ဘဘုရားရုပ်တု ကိုလုပ်သောသူအပေါင်းတို့ သည် အဘယ်တွေဝေခြင်းရှိကြမည်သနည်း။
ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည်ရှက်ကြောက်၍မိန်မောတွေဝေကြလိမ့်မည်။အရှက်ကွဲ၍တပြိုင်နက်
ဆုတ်သွားကြလိမ့်မည်။ဣသရေလအမျိုးအမူကား၊ထာဝရဘုရားသခင်အားဖြင့်ထာဝရကယ်တင်ခြင်းသို့ရောက်
၍၊သင်တို့သည်ရှက်ကြောက်ခြင်းမှိုင်တွေခြင်းနှင့်ကမ္ဘာအဆက်ဆက်ကင်းလွတ်ကြလိမ့်မည်။မိုဃ်းကောင်းကင်ကို
ဖန်ဆင်းတော်မူသောထာဝရဘုရား၊မြေကြီးကိုပြုပြင်ဖန်ဆင်း၍အမြဲတည်စေ တော်မူသောအရှင်၊အချည်းနှီးဖန်း
ဆင်းသည်မဟုတ်၊သတ္တဝါနေစရာဘို့ဖန်ဆင်းတော်မူသောဘုရားသခင်မိန့်တော်မူသည်ကားငါသည်ထာဝရ
ဘုရားဖြစ်၏။ငါမှတပါးအခြားသောဘုရားမရှိ။ငါသည်တိတ်ဆိတ်စွာမဟော။ မြေကြီးထဲမှာ မှောင်မိုက်သော
အရပ်၌မဟော။
သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟုယာကုပ်အမျိုးအားငါမပြော။ငါသည်ဖြောင့်
မတ်စွာ ပြော၍အတည့်အလင်း ဟောတတ်သောထာဝရဘုရားဖြစ်၏။သင်တို့သည်စည်းဝေး၍လာကြလော့။
အတိုင်းတိုင်းအပြည်ပြည်တို့မှ
ဘေးလွတ်သောသူတို့၊စည်းဝေးကြလော့။မိမိထုလုပ်သောသစ်သားကိုဆောင်
ရွက်သောသူ၊မကယ်တင်နိုင်သောဘုရားကိုပဌနာပြုသောသူတို့သည်ပညာမရှိကြ။သိတင်းကြားပြောကြလော့။
လူများကိုအနီးသို့ခေါ်ခဲ့၍တိုင်ပင်ကြပါစေ။ဤအမှုကိုရှေးကာလမှစ၍အဘယ်သူ ဘော်ပြသနည်း။အထက်က
အဘယ်သူဟောပြောသနည်း၊၊ငါထာဝရဘုရားဟောပြောသည်မဟုတ်လော။ငါမှတပါးအခြားသောဘုရားသခင် မရှိ။ မြေကြီးစွန်းသားအပေါင်းတို့၊ငါ့ကိုမျှော်ကြည့်၍၊ကယ်တင်ခြင်းကျေးဇူးကိုခံကြလော့။ငါသည်ဘုရားသခင် ဖြစ်၏။ ငါမှတပါး
အခြားသော ဘုရားမရှိ။ ဟေရှာယအနာဂတ္တိကျမ်း ၄၅း ၁၆-၂၂
သူတို့သည် မှန်သော ဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကိုပယ်၍ဖန်ဆင်းအပ်သော အရာကို ဝတ်ပြု ကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည်ထာဝရမင်္ဂလာရှိတော်မူ၏။အာမင်။
ရောမသြဝါဒစာ၁း၂၅
၁၀။ရုပ်တုဆင်းတုရှိသမျှ တို့သည် တနေ့ အဘယ်သို့ကွယ်ပျောက်ကြလိမ့်မည်သနည်း။
ထိုကာလ၌ လူတို့၏မာနကိုရှုတ်ချ၍၊လူတို့၏စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ထာဝရဘုရားတပါးတည်း
သာ မြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်၊၊ ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ် ပျောက်ကြလိမ့်မည်၊၊
ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါထတော်မူသောအခါ၊ထိုဘုရားကို
ကြောက်ခြင်းအရှိန်၊
ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်လူတို့သည်
ကျောက်တွင်း၊ မြေတွင်းထဲသို့ဝင်ကြလိမ့်မည်၊၊ထိုကာ
လ၌လူတို့သည်မိမိတို့ကိုးကွယ်ဘို့မိမိတို့လုပ်ဘူးသော ငွေရုပ်တု၊
ရွှေရုပ်တုတို့ကိုပွေးများ၊လင်းနို့များ၌ပစ်ထားကြလိမ့်မည်၊၊
ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါထတော်မူသောအခါ၊ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ဘုန်း
တန်ခိုးအာနုဘော်တော်အရှိန်ကြောင့်
ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်၊၊ နှာခေါင်းနှင့်
အသက်ရှုတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်၊၊ထိုသို့သောသူကိုအဘယ်သို့ပမာဏ ပြုစရာရှိသနည်း၊၊
ဟေရှာယအနာဂတ္တိကျမ်း ၂း ၁၇-၂၂
၁၁။ရုပ်တု ကို ကိုလုပ်သော သူအပေါင်းတို့ အဘယ်သို့ဖြစ်ကြသနည်း။ထုလုပ် တတ်သောသူ၊သွန်းတတ်သော သူ၏လက်လုပ်ရာငွေပြားကိုတာရှုမြို့မှင်း ရွှေကိုလည်းဥဖတ်မြို့မှင်း
ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊မောင်းသောအထည်နှင့်ခြုံတတ်၏။လိမ္မာသောသူလုပ်ရာသက်သက် ဖြစ်သတည်း။
ထာဝရဘုရားမူကား၊မှန်သောဘုရား၊အသက်ရှင်သောဘုရား၊နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။အမျက်တော်ထွက်လျှင်
မြေကြီးတုန်လှုပ်ရ၏။လူအမျိုးမျိုးတို့သည်အမျက်တော်ကိုမခံနိုင်ကြ။သာသနာပလူတို့အား ပြောရသောစကား
ဟူမူကား၊ကောင်းကင်နှင့်မြေကြီးကိုမဖန်ဆင်းသောဘုရားတို့သည်ဤကောင်းကင် အောက်၊ဤမြေကြီြး့ပင်မှ
ကွယ်ပျောက်ကြလိမ့်မည်။ထာဝရဘုရားသည်တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ပညာတော်
အားဖြင့် လောကဓါတ်ကိုတည်တော်မူပြီ။ဥာဏ်တော်အားဖြင့်မိုဃ်းကောင်းကင်ကိုကြက်တော်မူပြီ။အသံတော်
ကိုလွှတ်တော်မူသောအခါ၊မိုဃ်းရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကိုတက်စေတော်မူ၏။မိုဃ်း
ရွာသည်နှင့်လျှပ်စစ်ပြက်စေတော်မူ၏။
လေကိုလည်း၊ဘဏ္ဍာတော်တိုက်ထဲကထုတ်တော်မူ၏။လူမည်သည်ကား၊
မိမိဥာဏ်အားဖြင့်တိရိစ္ဆာန်ကဲ့သို့ဖြစ်၏။ရုပ်တုကိုသွန်းသောသူတိုင်းမိမိလုပ်သောရုပ်တုအားဖြင့် မှောက်မှားလျက်
ရှိ၏။
အကြောင်းမူကား၊ သွန်းသောရုပ်တုသည်မုသာဖြစ်၏။သူ၌လည်းထွက်သက်ဝင်သက်မရှိ။ထိုသို့သော
အရာတို့သည်အချည်းနှီးသက်သက်ဖြစ်ကြ၏။လှည့်စားသောအရာလည်း ဖြစ်ကြ၏။စစ်ကြောခြင်းကိုခံရသည်
ကာလ၌ကွယ်ပျောက်ကြလိမ့်မည်။ယာကုပ်အမျိုး၏အဘို့သည်ထိုသို့သောအရာနှင့်တူတော်မမူ။ခပ်သိမ်းသောအရာ
တို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ ဣသရေလအမျိုးသည်အမွေခံတော်မူရာဖြစ်၏။နာမတော်သည်
ကောင်းကင်ဗိုလ်ခြေရှင်ထာဝရဘုရားပေတည်။ယေရမိအနာဂတ္တိကျမ်း ၁၀း၉-၁၆
၁၂။အခြားသောလမ်းသို့ လိုက်သော သူအပေါင်တို့သည် အဘယ်သိုဖြစ်ကြမည်အံသနည်း။
အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ငါသည်သူတို့
သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊ ဆာလံကျမ်း ၁၆း ၎
၁၃။ စက်ဆုပ်ရွံရှာဘွယ်သော အရာများအဘယ်သို့ဖြစ်သနည်း
ထာဝရဘုရားစက်ဆုပ်ရွံရှာသောအရာ၊လက်သမားလက်နှင့်ထုလုပ်သောရုပ်တု၊သွန်းသောဆင်းတုကိုလုပ်၍
မထင်ရှားသောအရပ်၌ထားသောသူသည်အမင်္ဂလာရှိ စေသတည်းဟုကျိန်လျှင်၊လူအပေါင်းတို့ကအာမင်ဟု
ဝန်ခံရကြမည်။ တရားဟောရာကျမ်း ၁၇း၁၅
၁၃။မည်သို့သော သူများတို့ အမွေခံရသနည်း။
မတရားသော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ သည်ကိုသင်တို့ မသိကြသလော။ အလွဲမယူကြနှင့်။ မတရား သောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားခြင်းမေထုန်ကို ပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူး သောသူ၊
ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို
အမွေမခံရကြ။
ကောရိ န္တု သြဝါဒစာပဌမစောင်၆း၉-၁၉၁၄။ဒုတိယသေခြင်းတည်ဟူသော အဘယ်သို့သောသူ များဖြစ်ကြမည်သနည်း
ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘိုကိုရကြလိမ့်မည် ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။ဗျာဒိတ်ကျမ်း ၂၁း၈
၁၅။ထာဝရ ဘုရားသခင် အဘယ်သို့ ပညတ်တော်မူသနည်း။
ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။
အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း
ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊
သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏
အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌
ဆပ်ပေးစီရင်သောဘုရား၊
ထွက်မြောက်ရာကျမ်း ၂၀း ၃-၅ငါမှတပါးအခြားသော ဘုရားကို မကိုးကွယ်နှင့်။
အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း
ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည်
သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား၊ ငါ့ကိုမုန်းသောသူတို့၏
အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏အပြစ်ကို
သားတို့၌ဆပ်ပေး စီရင်သော ဘုရား၊
တရားဟောရာကျမ်း ၅း၇-၉၁၆။ဘုရားဟူ၍ခေါ်ဝေါ်သမုတ်ခြင်းရှိသောလည်း ဘုရားအဘယ်ပါးရှိသနည်း။
ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီးသက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသောဘုရားသခင် မှတပါး အဘယ်ဘုရားသခင်မှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။
ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သောသူ အများရှိသော်လည်း၊
အကြင်ဘုရားသခင် အထဲက ခပ်သိမ်းသောအရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့ အလိုငှါ
ငါတို့သည်ဖြစ်ကြ၏၊ ထိုခမည်းတော်ဘုရား သခင်တပါးတည်းသာ ငါတို့၌ရှိတော်မူ၏။
အကြင်သခင်အားဖြင့် ငါတို့မှ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်
ယေရှုခရစ်တပါးတည်းသာ ငါတို့၌ရှိတော်မူ၏။ ကောရိ န္တု သြဝါဒစာပဌမစောင် ၈း၎-၆
၁၇။ယောရှု သည် လူအပေါင်းတို့ အဘယ်သို့ သောဘုရားကို ကိုးကွယ်ခြင်း တိုင်တွင်းသနည်း။ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည်
သန့်ရှင်းသော ဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရားဖြစ်တော်မူ၏။
သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။
သင်တို့သည် ထာဝရဘုရားကို စွန့်၍ တကျွန်းတနိုင်ငံ ဘုရားတို့ကိုဝတ်ပြုလျှင်၊
သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တဖန်လှည့်၍
ညှင်းဆဲဖျက်ဆီးတော်မူမည်ဟုဆိုလျှင်၊
လူများတို့က ၊ မဟုတ်ပါ။ ထာဝရ ဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။
ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုခြင်း ငှာ
ထိုဘုရားကိုရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆိုလျှင် သူတို့က၊
သက်သေခံကြပါ၏ ဟုလျှောက်ကြသော်၊
ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံ
ဘုရားတို့ကိုပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို
ညွှတ်ကြလော့ဟု ဆိုလေ၏။
ယောရှုမှတ်စား ၂၄း၁၈း၂၃၁၈။ အဘယ်သို့သောဘုရား များပယ်ဖျက်ကြမည်သနည်း။
ထိုအခါ ယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။
ကမ္ဘာဦးကျမ်း၃၅း၂
