Sunday, January 24, 2016

          မိစ္ဆာသိုးထိန်းများ၏ အကြောင်း သမ္မာကျမ်းစာမှဖေါ်ပြခြင်း

မိစ္ဆာပရောဖက်များ အကြောင်း


၁။ကောင်းသောသိုးထိန်းမူကားအဘယ်သို့ရှိသနည်း
 ကောင်းသောသိုးထိန်းလည်းဖြစ်၏။ကောင်းသောသိုးထိန်းတို့သည် သိုးအဘို့အလိုငှါ မိမိ အသက် ကိုစွန့်
တတ်၏။-ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၀ အခန်းငယ်၁၁ မှာတွေ့ရှိသော အချက်မှာ 
မှတ်ချက်။ယေရှုခရစ်တော်သည် လောကလူများအတွက်အသက်စွန့်၍ ချစ်တော်မူသည်ဟူ၍ ဖေါ်ပြခြင်း
ကိုတွေ့ရှိနားလည်းရသည်။အခုခေတ်တရားဟောဆရာဖြစ်ပါလျက်နှင့်၊အသင်းသူအသင်းများသာအိမ်းသို့ မကြွချီ
ဘဲ မိမိအိမ်၌သာလျှင်တရားဟောဆရာများသည်များစွာရှိပေသည်  မိမိအသက်စွန့်ဘိုမပြောပါနှင့်
ကိုယ်အကျိုး အတွက်မရှိသောအခါတွင် အသင်းများ အိမ်သို့ တရားဒေသနာတိုက်ကျွေးခြင်း အဘို့အလို့ငှါ
မစဉ်းစားမတွေးဆကြပါ။ကျွန်တော်ခရစ်ယာန်တယောက်ဖြစ်လာခဲ့သော်လည်းအနှစ်(၂၄)နှစ်တာကာလပတ်
လုံး တရားဟော ဆရာများတို့ သည် တဦးတယောက် မတွေ့ရှိရပါ။

၂။ခရစ်ယာန်တရားဟောဆရာဖြစ်ပါလျက်နှင့် အဘယ်ကြောင့်  အသင်းသူအသင်းများအိမ်သို့မကြွချီ
သနည်း
အဖြေ။ဖတ်စရာသမ္မာကျမ်းစာရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၀းအခန်းငယ် ၁၂ကို ဖတ်ကြည့်မယ်
သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊သူငှါးဖြစ်သောသူမူကား၊တောခွေးလာသည်ကိုမြင် လျှင်၊သိုး ဘို့ကိုပစ်
ထား၍ထွက်ပြေးတတ်၏။တောခွေးသည်လည်း သိုးတို့ကိုလုယက်၍ကွဲလွင့်စေ၏။
မှတ်ချက်။သိုးပိုင်ရှင်မဟုတ်သောကြောင့် သိုးထိန်းများသည် လည်း မိမိကိုယ်ကျိုး အတွက်သာကြည့်၍သိုး
အဘို့ အလိုငှါ တရားဒေသနာတိုက်ကျွေးခြင်းမရှိ။ အချို့သော သိုးထိန်းတို့သည် သိုးနို့ရည် သောက်
ရသော သိုးခြံများသာသွားလာတတ်သည်ကိုတွေ့ရှိသည်ဖြစ်၏။ သိုးထိန်းဖြစ်လျက်ပင် တောခွေးလာသော
အခါတွင်လည်း  မိမိပိုင်သော သိုးမဟုတ်သောကြောင့် မိမိအသက်စွန့်၍ သိုးများစောင့်ရှောက်ကမည့်အစား
ကိုယ်ကျိုးစီးပွားရှာတတ်ကြသည်တွေ့ရှိသည်။

၃။မိစ္ဆာသိုးထိန်းတို့သည်အဘယ်သို့ရှိဟုသည်ဖ်ါပြသနည်း
သူငှါးသည် သူငှါးဖြစ်၍ သိုး၏အကျိုး။ အကျိုးကိုမမှတ်သောကြောင့်ထွက်ပြေးတတ်၏။ ရှင်ယောဟန်ခရစ်
ဝင်ကျမ်း အခန်းကြီး ၁၀း၁၃
မှတ်ချက်။သိုးများအငှါးထိန်းသောသူမူသည်ကာသိုးများအကျိုးကိုမသိမမှတ်မိမိအကျိုး ရည်မှတ်တတ်သော
သိုးဖြစ်သည်။အခကျေးငွေရှိဖို့အတွက်သိုးများထိန်းခြင်းသက်သက်ဖြစ်သည်။တရားဟောဆရာသမားတို့သည်
လည်းအသင်းသူအသင်းသားများထံသို့သွား၍ တိုက်တွိင်းနိုးဆော် ခြင်းမရှိ။ မိမိအလှူငွေရရှိဘို့အတွက်သက်
သက်ရဘို့ သာလျှင်စဉ်းစားတတ်သည် ခရစ်ယာန်တရားဟောဆရာ အများပြားရှိသော်လည်း အသင်းသူအ
သားများ ဥပုသ်နေ့ ၌  အလုပ်သွားနေသည်ကိုမသိကြ ထာဝရ ဘုရားသခင် ဥပုသ်တော်၌အ တွင်းအလုပ်မ
လုပ် အသင်းသူ အသင်းသားများ အခက်ခဲ့ပြဿနာ ကိုဖြေရှင်းပေးခြင်း မရှိကြ  ကျွန်တော်ဆိုလျှင် ဥပုသ်
နေ့အလုပ်မလုပ်လို့အလုပ်ရုံ၌အကြံမ်ကြံမ်အခါခါစစ်ဆေးမေးမြန်းများခံရသည်သို့သော်လည်း မိမိသက်ဆိုင်
ရာ အသင်းတော်မှာ ဆရာကြီးများထံသို့ အကြောင်းကြား၍ ထောက်ခံစာ တောင်းသော်လည်း ယနေ့ထိ
တိုင်အောင် ဆောင်ရွက်ခြင်းမရှိ အသိမှတ်ပြုခြင်းမရှိ ကျွန်တော် အလုပ်ရုံ၌ အလုပ်သမား မှတ်ပုံတင်ပြန်
ပေးပြီး ဒီအလုပ်ရုံကထွက်တော့မယ်ဟူ၍ အလုပ်၌ ပြောဆိုခဲ့ဘူးသည် ဘုရားသခင်၏ ဥပုသ်နေ့ ဖြစ်သော
သတ္ထမနေ့တွင်လုံးဝအလုပ်မလုပ်ကြောင်းအလုပ်ရုံ မန်နေဂျာရုံး၌ အကြံမ်ကြံမ် အခါခါ စကားများခဲ့ဘူးသည်
အသင်းတော်မှ ဆရာသမား ထံသို့အကြောင်းကြာ အသိပေးသော်လည်း ဂရုစိုက်ခြင်း လုံးဝမရှိပါ။ 
ဒီမှာရှိသောအသင်းတော်များ၌သွား၍အကူညီတောင်းဆိုသော်လည်းလုံးဝအသိမှတ်ပြုခြင်းမရှိကြ၊ 
ဆယ်ဘို့ တဘို့ပို့ပေးသော်လည်း နေကောင်းလာတောင် မေးမြန်ဘော်မရ အခုခတ် တရားဟောဆရာ
သမားများ ခရစ်တော်၏ အသင်းတော်၌ သိုးထိန်းမှန်လျှင်။ လူးမျိုမခွဲ  နေရာဒေသမခွဲ တမ်းအသင်းသား
တယောက်ဖြစ်ကြောင်း အသိမှတ်ပြုသင့်သည် သို့သော်လည်း အသင်းသားမဟုတ်လျှင် ဘုရားကျောင်းသို့
လာမည်မဟုတ် မသိကြ။ အခုခေတ်သိုးထိန်းများ သိုးများပြန်၍ ရှာနေသော ကာလ၌ဖြစ်သည် 
ဆက်လျက်၍ ဖတ်ရန်သမ္မာကျမ်းစာ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆း  အခန်းငယ် ၁၀ မှ၁၂ 
အထပ်၍ဖတ်ရန် 
သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အကယ်၍ မဟောင်နိုင်သောခွေး
၊ ယောင်ယမ်း ခွေး၊ အိပ်လျက်အိပ်ချင်းအားကြီးသောဖြစ်ကြ၏။စားချင်း အာကြီး၍ ဝမ်းမပြည့် နိုင်သော
ခွေးလည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မကြည့် မရှုတတ်ကြ။ ထိုသိုးထိန်း ရှိသမျှတို့သည် လမ်းလွှဲ
၍ မိမိတို့လမ်းသို့ လိုက်သွားကြပြီ။  တယောက်မျှမကြွင်း၊ တညီ တညွတ်တည်း ကိုယ်ကျိုးစီးပွါးကို သာရှာ
တပ်ကြ၏။လာကြစပျစ်ရည်ကိုယူခဲ့မည်။သေရည်သေရက်ကိုဝစွာသောကြစို့၊ ယနေ့ဖြစ်သကဲ့သို့နက်ဖြန်
နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟုပြောဆိုတတ်ကြ၏။ 
မှတ်ချက်။သမ္မာကျမ်းစာမှဖေါ်ပြချက်မှာ ကင်းစောင့်သောမျက်စိကန်းကြ၏ဆိုသောစကားမှာ အချို့သော
တရားဟောဆရာသမားတို့  ငွေဖြင့် မျက်နာကိုဖုံးအုပ်ထား၍ အမှန်တရားကိုမတွေ့မြင်ကြ။မဟောင်နိုင်
သောခွေးဆိုသောစကားတွင်းတရားဟောဆရာသမားတို့သည်လည်းလူမုန်းမှာစိုးရိမ်သဖြင့် အမှန်တရားကို
မပြောနိင်ကြ။တချို့သောဆရာသမားတို့သည်လည်းအသင်းတော်မှာအသင်းသူ အသင်းသားတို့ကို မကြည့် မရှုကြ အသင်းသားတို့သည်လည်း ထာဝရ ဘုရားသခင် သန့်ရှင်းသော  ဥပုသ်နေ့တွင်း အလုပ်ငန်း
များ အလုပ် လုပ်နေကြသည် တရားဟောဆရာသမားများတို့ အသင်းများအတွက် မည့်အရာကိုမျှ မစဉ်းစား
ပေးကြပေ အသင်းသူ အသင်းများတို့သည်လည်း  ကိုယ်ကျိုး  စီးပွားနောက်သို့လိုက်၍ ထာဝရ ဘုရားသခင်
၏ဥပုသ်နေ့များ၌အလုပ်လုပ်နေရကြသည် သေရည်သေရက်နှင်ယစ်မူးနေကြ သောအကြောင်းရင်းမှာ တကယ်
သေရည်သေ ရက်သောက်စားခြင်းမဟုတ် စီးပွါးရှာ၍ စီးပွါးရေးနှင့် ပျော်ပိုက်နေသော သူများကိုလည်းဆို
ခြင်းဖြစ်သည်။ဝမ်းမဝနိုင်သောခွေးများ ဆိုသောစကားတွင် အချို့သော အသင်းသားများဖြစ်စေ ဆရာသ
မားဖြစ်စေ ကိုကျိုးစီးပွါးရှိ၍ ဘယ်တော့မှမပြည့်စုံသော သူများကိုပင်ဆိုလိုသည်

၎။သိုးများကိုအစာတိုက်ကျွေးခြင်းအမှန်တကယ်ရှိမည်သနည်း
 သူတို့ရောက်လာသည်အခါ၊ ပေါလုက၊ ငါသည်  အာရှိ ပြည့်သို့ ရောက်သော နေ့မှစ၍  ယခုတိုင်အောင်
သင်တို့ရှေ့မှာ  အဘယ်သို့ ကျင့်နေသည်ကို သင့်တို့သိကြ၏။ တမန်တော်ဝတ္ထု အခန်းကြီး ၂၀ အခန်ငယ်
၁၈
သင်တို့နှင့်အတူ ရှိသောဘုရားသခင်၏ သိုးတော်စုကိုထိန်းခြင်း အမှုမှာ၊အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ် သောစီးပွါးကို တပ်မက်သော ကြောင့် မဟုတ်ဘဲ၊အလိုလို စေတနာ ရှိ၍ကြည့်ရှု့အုပ်
ထိန်းကြလော့။ ရှင်ပေတရုသြဝါဒစာပဋ္ဌမစောင် အခန်းကြီး ၅း အခန်းငယ် ၂
မှတ်ချက်။ စိတ်နှလုံး ဖြူစင်ကြသောစိတ်နှင့် ဘုရားသခင်၏အသင်းတော် ကြည့်ရှု့ပါဟူ၍ ဆိုလိုပေ
သည် ကျွန်ပ်တို့ အသင်းတော်၌ အမှုတော်ပါဝင်ဆက်ကပ်သော အခါတွင် အခွင့်ကောင်းတခုခု ကိုမျော်
လင့်၍ အမှုတော်အတွက် မလုပ်ပါနှင့် ကိုယ်ကျိုးစီးပွါး အသင်းတော်၌လည်း မရှာပါနှင့် စေသနာစိတ်
နှင့်အမှုတော် အတွက် လုပ်ဆောင်ပါ လောကီသားတို့ ကိုဘုရားသခင်ချစ်တော်မူသကဲ့ သို့ မိမိကိုယ်ကျိုး
စွန့်၍  အမှုတော်၌ပါဝင်ဆက်ကပ်ပါ။

၅။ကျွန်ပ်တို့ အဘယ်အတွက်ကြောင့် ဧဝံဂေလိတရားတော်ကိုပြောကြသနည်း
ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော် ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊သေသောသူတို့ကိုစစ်
ကြော စီရင်တော်မူသော  သခင်ယေရှု ရှေ့၌ မှာ၎င်း၊ ဘုရားသခင့်၏ရှေ့မှာ၎င်း၊ ငါသည် သင့်ကိုသစ္စာ
ပေးသည်ကား၊ နှုတ်ကပတ်တော် တရား တော်ဟောပြောလော့၊ အချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ကြိုး
စားအားထုပ်လော့၊ အပြစ်ကိုဘော်ပြလော့. ဆုံးမခြင်းကိုပြုလော့၊အလွန်ရှည်သောစိတ်နှင့်သြဝါဒမျိုးကိုပေး
၍ တိုက်တွင်းသွေးဆောင်လော့၊ တိမောသေသြဝါဒစာ အခန်းကြီး ၄း အခန်းငယ် ၁-၂
မှတ်ချက်။ကျွန်ပ်တို့သည် အဘယ်ကြောင့် ဧဝံဂေလိတရားကိုဟောရသည်မှာ အသက်ရှင်သောအပေါင်းတို့
ကို၎င်း။သေလွန်သောသူအပါင်းတို့ကို၎င်း။  ယေရှုခရစ်ရှေ့၌ ဘုရားသခင်၏ရှေ့၎င်း တရားစီရင်တော်မူ
သော အချိန်ကာလ၌ ကယ်တင်ခြင်းတရားရှိမည့်အကြောင်း  နှုတ်ကပတ်တရားတော်ကို၎င်း အချိန်ရှိသည်
မရှိသည်ဖြစ်စေ အချိန်နှင့်တပြေးညီ တရားဒေသနာကိုဟောရမည်ဟူ၍ သစ္စာစောင့် တည်၍အလွန်
ရှည်သောစိတ်နှင့်  အပြစ်ကိုဘော်ပြပါဟူသောစကား  နှုတ်ကပတ်တရားကို မှန်ကန်စွာဟောပြောရမည်
အကြောင်းရင်မှာ သမ္မာကျမ်းစာနှင့် ကိုက်ညီစွာဟောပြောမည်ဖြစ်သည်


၆။ကောင်းသော သိုးထိန်းမူကား အဘယ်သို့သောပုံသက်သေကိုပြုကျင့်ရမည်သနည်း
အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့၊ဆုံးမသြဝါဒကိုပေးသောအခါ၊မိစ္ဆာ
ဒိဠိနှင့်ကင်းခြင်း၊တည်ကြည်ခြင်း၊အပြစ်တင်ဘွယ်မရှိ၊စင်ကြယ်သောတရားစကားကိုကိုဟောပြောခြင်းတို့ကို
ပြုလော့သို့ဖြစ်၍၊တဘက်၌နေသောသူသည်ငါတို့ကို ကဲ့ရဲ့စရာအခွင့်မရနိုင်သောကြောင့်၊ရှက်ခြင်းကြောက်
ခြင်းသို့ရောက်လိမ့်မည်။ တိတုသြဝါဒစာ အခန်းကြီး ၂း အခန်းငယ် ၇-၈
မှတ်ချက်။များသောစွာတရားဟောတို့သည်လည်း၊သမ္မာတရားတော်၌ရှိသောအကြောင်းအရာများတို့မဟော
ပြောသောကြောင့်၊ကောင်းသောအကျင့်မရှိသောကြောင့်၊များစွားသောခရစ်ယာန်အပေါင်းတို့ သည် လည်း
သူတဖက်၌ ကဲ့ရဲ့ခြင်းကိုခံရသည်။တရားဟောပြောသောအခါတွင်လည်း နှုတ်
ထွက်တရားတော်များအခြေမခံသော ခရစ်ယာန်ဘာသာတရားကို ကဲ့ရဲ့ခြင်းများစွာတွေ့ကြုံရသည်။များစွာ
သော ခရစ်ယာန်အပေါင်းတို့သည်လည်း။ သမ္မာကျမ်းစာမဟုတ်သော စာများကိုအဟုတ်လုပ်၍ များစွာရေး
သားကြသည်။ကျွန်ပ်တွေ့ရှိသော အခါ၌ သမ္မာကျမ်းစာမဟုတ်ကြောင်းပြော၍ ဆုံးမခြင်းပြုသောအခါတွင်
တဘက်၌ လည်းအမှန်တရားကိုမတွေ့ကြသည်ကိတွေ့မြင်ရသည် 

၇။ကျွန်ပ်တို့သည် အဘယ်အတွက်ကြောင့် တရားဟောပြောနေသနည်း
အချင်းလူသား၊သင့်ကို က္ကှသရေလ အမျိုး၌လည်းကင်းစောင့်စေ ခြင်းငှါ ငါခန့်ထားသောကြောင့်၊သင်သည်
ငါ၏ နှုတ်ထွက်စကားကို နားထောင်၍သူ တို့ကိုသတိပေးရမည်။ ငါသည် လူဆိုးအား၊ အိုလူဆိုး၊အကယ်စင်
စစ် သင်သည် အသေခံရမည်ဟုဆိုသော အခါ ဆိုးသောသူကိုသူ၏ လမ်းမှ လွှဲစေခြင်းငှါ သင် သည်  သတိပေးလျှင် ထိုလူဆိုးသည်မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။သို့ရာတွင်၊သူ၏ အသက်၌ငါတောင်း
မည်။-သို့မဟုတ်၊လူဆိုးကိုသူ၏လမ်းမှလွှဲစေခြင်းငှါ၊သင်သည်သတိပေး၍သည်မလွှဲဘဲခြင်းငှါ၊ သင်သည်သတိပေး၍သူသည် မလွှဲဘဲနေလျှင်၊ သင်သည် ကိုယ်အသက်ကိုကယ် တင်ပြီ
ယေဇကျေလအနာဂတ္တိကျမ်း ၃၃း ၇-၉
 မှတ်ချက်။အဘယ်ကြောင့် ကျွန်ပ်ဟောပြောရသည်မှာ ဘုရားသခင်၏ ကျွန်ဖြစ်သော ကျွန်ပ်သည် မပြော
ဘဲနေလျှင်။ လူဆိုး၏ အသက်ဖိုး ကျွန်ပ်ထံမှာဘုရားသခင်တောင်းမည်ဖြစ်သောကြောင့် ကျွန်ပ်ဟောပြော
ရခြင်းဖြစ်သည်။ လူဆိုးအား ကျွန်ပ်သတိပေး၍ သူသည်လမ်းလွှဲ၍ မလိုက်လျှင် သူသည်လည်းကယ်တင်
ခြင်းရောက်ရှိမည်အကြောင်း ကျွန်ပ်ပြောရသည် ဘုရားသခင်၏ ကျွန်ဖြစ်သော ကျွန်ပ်သည် ဘုရားသခင်
၏ကင်းစောင့် ဖြစ်သောကြောင့် ရန်သူလာသော အခါ၌လည်း လူအပေါင်းတို့အား သေခြင်းတရားမှလွတ်
မြောက်ရန်အတွက် လူအပေါင်းတို့ သတိပေး နိုးဆောင်ရပေသည် သို့မဟုတ်လျှင်ထိုသူအပေါင်း၏ အသက်
ကို ကျွန်ပ်၏ အားကျွန်ပ်၏ လူဆိုးများ၏ အသက်ဖိုးအား ကျွန်ပ်ထံသို့ ကျွန်ပ်သင့်အား တောင်းမည်
ဖြစ်သောကြောင့် ကျွန်ပ်သည် တရားဒေသနာတော်ကို ဟောပြောရခြင်းဖြစ်သည်ထိုလူဆိုးသည်မိမိ အပြစ် သိလျှင် နောင်တရတရားအားဖြင့် ပြုပြင်လျှင်ထိုသူအားကယ်တင်ခြင်းရောက်သောအခါတွင်ကျွန်ပ်၏ သခင်ဝမ်းမြောက် သကဲ့သို့  ကျွန်ပ်သည်လည်း ကျွန်ပ်၏ သခင်နှင့်အတူဝမ်းမြောက်ခြင်း ကိုရရှိမည့်အ
ကြောင်း ဟောပြောရပေသည်

၈။မျက်ကန်းတို့သည်အဘယ်သို့ သောအကျိုးကိုရှိကြမည်သနည်း
ကိုယ်တော်ကလည်း၊ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်စိုက် တော် မမူသော အပင်င်ရှိသမျှ
တို့ နှုတ်ရလိမ့်မည်။- ထိုသူတို့ရှိပါလေစေ။  သူ တို့သည်  လူကန်း တို့အား လမ်းပြ သောသူ ကန်းဖြစ်ကြ၏။
လူကန်းချင်း တဦးကို တဦးလမ်းပြလျှင်၊နှစ်ဦးတို့သည်တွင်းထဲသိုကျကြလိမ့်မည်ဟုမိန့်တော်မူ၏။ 
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၅ အခန်းငယ်၁၄


၉။အသင်းအုပ်ဆရာသမားတို့အား သမ္မာကျမ်းမှာအဘယ် ဥပမာပေး၍ ပြောဆိုသနည်း
သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ရှိသမျှတို့သည်မိုက်ကြ၏။အ၍မဟောင်နိုင်သောခွေး။ယောင်
ယမ်းသောခွေး၊အိပ်လျက်အိပ်ချင်အားကြီးသောခွေးဖြစ်ကြ၏။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆း
အခန်းငယ် ၁၀
မှတ်ချက်။ကင်စောင့် သောသူတို့မျက်စိကန်းကြ၏။ ဒီအချက်မှာ ဥပမာအားစစ်သည်တယောက်ကင်းစောင့်
နေတယ်ထားပါစို့ ရန်သူလာနေတယ် သူတွေ့တယ်။ဘယ်ကြောင့် မပစ်ခတ်လဲသူသည်ရန်သူ၏လူဖြစ်လိမ့်
မည်
သို့မဟုတ် ရန်သူဖြစ်ပါလျက်နှင့် အဘယ်ကြောင့် သူပြန်၍ မတိုက်လဲ လပ်ထိုးထားခြင်းသော၎င်း သို့မဟုတ်
ရန်သူ၏လူအစစ်ဖြစ်လိမ့်မည်ထိုဥပမာအား ဖြင့်ကျွန်ပ်တို့ခရစ်ယာန်တရားဟောဆရာသမားတို့သည် ရန်သူဘက်၌ရှိသောကြောင့် ပြန်၍မတိုက်လှန် ငွေအားဖြင့်သော၎င်းမျက်စိကိုဖုံးကွယ်ထား၍ သော၎င်း မပြောနိုင်ကြခြင်း ဧကန်အမှန်သည်ဖြစ်သည်  အမှန်တရားကိုမပြောနိုင်ချေ


၁၀။မိစ္ဆာသိုးထိန်းတို့သည်အဘယ်သို့ရှိကြသနည်း သူတို့သည်အဘယ်သို့ပြောဆိုကြ၍ မျက်နာပျက်ကြ
သနည်း
ချမ်းသာမရှိသောအခါ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏လူမျိုး သတို့ သမီး  အနာကို  ပေါ့လျောစွာ ကုကြ၏။
သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှက်ကြသလော့။အလျင်းမရှက်ကြ။ မျက်နာ မပျက်တတ်ကြ။ထို
ကြောင့်၊ တယောက်နောက်တယောက်လဲကြလိမ့်မည်။ငါစစ်သောအခါနိပ်ချခြင်းသို့ ရောက်ကြလိမ့်မည်
ဟု ထာဝရ ဘုရားမိန့်တော် မူ၏။ ယေရမိအနာဂတ္တိကျမ်း ၆း ၁၄-၁၅
မှတ်ချက်။ခရစ်ယာန်ဘာသာဝင်အပေါင်းတို့သည်  ရုပ်တုကို ကိုးကွယ်၍  ရုပ်တုကို ကိုးသောသူအပေါင်းတို့ 
နှင့်ပေါင်းဘာ်၍ချမ်းငြိမ်းရေးဟုပြောဆိုလျက်ရုပ်တုကိုကိုးကွယ်စေခြင်းငှါကပ်သိုးလိပ်ဘာသာမှပုပ်ရဟန်မင်းကြီး
အသင်းတော်၌ ငြိမ်းချမ်းရေးဟု၍ ပြောဆိုတတ်သည်သမ္မာတရားနှုတ်ထွက်တရားတော်နှင့်မညီလျော်သော
ဘာသာဝင်တို့နှင့် ပေါင်း၍  သန့်ရှင်းသော  ထာဝရ ဘုရားသခင်  အသင်းတော်  ရွံရှာဘွယ်အမှုကိုသွန်
သင်၍ ငြိမ်းချမ်ရေးဟု၍ပြောဆိုတတ်သည် သတို့သမီးဆိုသောအချက်မှာ ဘုရားသခင်၏ သန့်ရှင်းသောအ
သင်းတော်ရည်မှတ်၍ ဆိုလိုသတည်း အနာဟုသောစကား၌ သမ္မာတရားနှင့်မညီလျော်သော အရာတို့ကိုအ
သင်းတော် သွန်သင်၍ လွှဲမှားသောအယူအဆ တခုဖြစ်သည် 

၁၁။ အဘယ်သို့တရားဟော၍ ထိုသူတို့သည်အဘယ်သို့ဖြစ်ကြသည်ကိုကျွန်ပ်တို့သိမြင်နိုင်သနည်း
တရားတော်မူချက်ဟောကို၎င်း၊သက်သေခံတော်မူချက်ကို၎င်းနားထောင်ကြကုန်။သူတို့ပြောသောစကား
သည်နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတတ်သေး။ ဟေရှာယအနာဂတ္တိကျမ်း ၈း၂၀
ယဇ်ပုရော၏နှုတ်ခမ်းသည်သည်ပညာကိုစောင့်ရမည်။သူ၏နှုတ်ခမ်း၌လူတို့သည် တရားတော်ကိုရှာရကြ
မည်။အကြောင်းမူကား၊သူသည်ကောင်းကင်းဗိုလ်ခြေရှင်ထာဝရ ဘုရား စေလွှတ်တော်မူသောတမန်ဖြစ်၏
။သင်တို့မူကား၊လမ်းလွှဲကြပြီ၊ လူများတို့သည် တရားတော်ကိုထိမိ၍လဲစေခြင်းငှါပြုကြပြီ။လေဝိမျိုးနှင့် ဖွဲ့
သော ပဠိညာဉ်ကိုဖျက်ကြပြီဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
မှတ်ချက်။တရားဟောသူတို့၏သက်သေခံချက်ထောက်ရှု၍ သူတို့သည် သမ္မာကျမ်းစာနှင့်မညီလျော်လျင်
သူတို့သည် အလင်းတရားသူတို့မရှိကြောင်းကို သိရသည်

၁၂။သိုးထိန်းဖြစ်သောသူ သည်မိစ္ဆာသိုးထိန်းဖြစ်ကြောင်း အကျွန်တို့သည်အဘယ်သို့ သို့ကြည့်ရှု၍နိုင်ကြ
မည်လော့။
ဗျာဒိတ်တော်ရှိသမျှသည်တံဆိပ်ခတ်သောစာကဲ့သို့သင်တို့၌ဖြစ်၏။ထိုစာဘတ်သောသူအားပေး၍။ဤစာ
ဘတ်ပါလော့ဟုဆိုလျှင်၊ထိုသူက၊ ဤစာကို ငါမတတ်နိုင်တံဆိပ်ခတ်လျက်ရှိ၏ဟုပြန်၍ပြောတတ်ကြ၏
ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာဘတ်ပါလော့ဟုဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ်ဟုပြန်
ပြော၏။ထာဝရ ဘုရားကလည်း၊ ဤလူမျိုးသည် နှုတ် ငါ့သို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။
စိတ်နှစ်လုံး မူကား  ငါနှင့်ဝေးလှေ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍  ငါ့ကိုကြောက် ရွံကြ၏။ထို
ကြောင့်၊အံ့ဩကြောက်မက်ဘွယ်သောအမှုကိုဤလူမျိုးတွင် တဖန်ငါ့ပြုမည်. သူတို့၏ပညာရှိတို့၏ပညာ
သည် ပျက်စီးလိမ့်မည်။ဥာဏ် ကောင်း သော သူ၏ ဥာဏ်လည်းကွယ် ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏
ထာဝရဘုရားကိုမသိစေခြင်းငှါ၊နက်နဲသောအကြံကိုကြံ၍၊မှောင်ထဲမှာအမှုကိုပြုလျက်၊ငါတို့ကိုအ   ဘယ်သူ မြင်နိုင်သနည်းဟု ပြောဆိုတတ်သောသူ တို့သည်လည်းအမင်္ဂလာ ရှိကြ၏။သင်တို့သည်
 ဖောက်ပြန်ကြသည်တကား။အိုးထိန်းသမားကို၊မြေကဲ့သိုမှတ်ရမည်လော့။လုပ်အပ်သောအရာသည် လုပ်တတ်သော သူကိုရည်မှတ်၍၊ဤသူသည် ငါ့ကိုမလုပ်ဟုဆိုရမည်လော့။ဖန်ဆင်းအပ်သော အရာ
သည် ဖန်ဆင်းတတ်သောသူရည်မှတ်၍၊ ဤသူ၌ ပညာတတ်မရှိဟုဆိုရမည်လော့။ 
ဟေရှာယအနာဂတ္တိကျမ်း ၂၉း ၁၁-၁၆

၁၃။ နောင်ကာလသို့ရောက်သော အခါ၌ အဘယ်သို့ရှိကြသနည်း
အကြောင်းမူကား နောင်ကာလ၌လူတို့သည် စင်ကြယ်သောသြဝါဒကို နားမခံနိုင်ဘဲ၊ယားတတ်သော နား
ရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များသော ဆရာတို့ နှောက်သို့လိုက်ကြလိမ့်မည် သမ္မာတရားကိုနားမ
ထောင်ဘဲ ၊ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။ အသင်မူကား၊အရာရာ၌ သမ္မာသတိရှိ
လော့။ဆင်းရဲဒုက္ခကိုခံလော့၊ သာသနာပြု ဆရာဆောင်ရွက်ရသော အမှုကိုဆောင်ရွက်လောဓမ္မာဆရာ
အရာ၌ ခန့်ထား၍ ပြုရသော ဝတ်များကိုအကုန်အစင်ပြုလော့။ တိမောသေသြဝါဒစာဒုတ်စောင် ၄း၃-၅
မှတ်ချက်။ကျွန်ပ်တို့ သည်နောက်ဆုံသော ကာလသို့ရောက်ရှိသောအတွင် သမ္မာတရားဟူသော သမ္မာ
ကျမ်းစာ နှုတ်ကပတ်တရားတော် မဟောတော့ဘဲ မိမိနှင့်သက် အရာတို့ ကိုခရစ်ယာန်ဘာသာတရား၌
သွန်သင်ခြင်းကိုပြုကြ၍ မိမိတပ်မက်သည့်အတိုင် ဟောပြောကြလိမ့်မည် ကျွန်ပ်သည် ဆရာတယောက်
မဟုတ်သောလည်း ခရစ်တော်ကို ယုံကြည်သူ တယောက်အနေဖြင့် သမ္မာတရားကို စင်ကြယ်သော သြ
ဝါဒမျိုးကိုပေး၍ သတိပေးနိုးဆောင်ရပေသည် အချို့သော သူအပေါင်းတို့သည်လည်း ယားတတ်သော
နားရှိ၍ မိမိတပ်မက်ခြင်းအတိုင် များသောဆရာသမားတို့နောက် လိုက်၍ လမ်းလွှဲကြလိမ့်မည်။ ကျွန်ပ်
ထာဝရ ဘုရားသခင်၏ ကျွန်ဖြစ်သောသူဖြစ်သောကြောင့် ကျွန်ပ်ပြုရမည့်ဝန်ကိုအကုန်အစင်ပြုရမည်
လော့။

၁၄။အချို့သောသူများတို့ အဘယ်သိုချော့နော့၍ အဘယ်သို့ ပြောဆိုကြသနည်း
သူတို့ကလည်း ဗျာဒိတ်တော်ကိုမခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့ အား ၎င်း၊မှန်သော စကားကို  ငါတို့အား
 မဟောပါနှင့်။ချော့မော့သောစကားကိုပြောကြပါ၊ လှည့်စားသောစကားကိုဟောကြပါ၊  လမ်းလွှဲကြပါ။ မှန်
သောလမ်းကိုရှောင်ကြပါ။   က္ကှသရေအမျိုး၏     သန့်ရှင်းသော  ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု
ပရောဖက် တို့အား၎င်း ဆိုတတ်ကြ၏။ ဟေရှာယအနာဂတ္တိကျမ်း ၃၀ ၁၀- ၁၁
မှတ်ချက်။အခုကာလလူးအပေါင်းတို့သည်လည်း ဘုရားသခင် သမ္မာတရားဖြစ်သောနှုတ်ထွက်တော် တရား
တော်များကိုဟောသည့်အခါတွင်း မပြောပါနှင့် ပညတ်တော်သည်လိုက်ရှောက်ရန်မလွယ်ကူပါ ချစ်ခြင်းမေ
တ္တာတရားအကြောင်းဘဲဟောပြောပါဟူ၍ ဆိုတတ်သည်ကိုတွေ့မြင်ရသည်။

၁၅။သိုးထိန်းတို့သည်လည်း အဘယ်သို့သောလမ်းကိုလွှဲစေသနည်း
သိုးထိန်းတို့သည် တောင်များအပေါ်မှာ လမ်းလွှဲ စေကြပြီ။ သူတို့သည် တောင်တလုံးမှ တလုံးသို့သွား၍။
ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။ ယေရမိအနာဂတ္တိကျမ်း ၅၀း ၆
ဘုရားသခင်၏ ငြိမ်ဝပ်သော ဥပုသ်နေ့ ၌ လွှဲမှားစွာ သွန်သင်ကြဟု၍ ထာဝရ ဘုရားသခင်သခင်မိန့်တော်
၏ ကျွန်ပ်တို့သည် မူလအစ၌ ဘုရားသခင်ဖန်ဆင်းစဉ်ကလ၌ ငြိမ်ဝပ်သော ဥပုသ် နေ့ ကို မေ့လျော့ကြဖြစ်
၍ ဘုရားသခင် ကျွန်ပ်တို့ သတိပေးခြင်အကြောင်းကိုတွေ့ရသည်

Monday, January 11, 2016

ကောင်းကင်တမန်တပါး၏ သိတင်းစကား

                                  ကောင်းကင်တမန်သုံးပါတို့၏သိတင်းစကာ

                ကောင်းတမန်တပါး၏ သိတင်းစကား
၁။မြေကြီးပေါ်နေသော သူတည်းဟူသောအသီးအသီးဘာသာစကားကို ပြောသောလူ မျိုးအနွှယ်ခပ်သိမ်းတို့အားထာဝရဧဝံဂေလိတရားကို ဟောရသောကောင်းကင်တမန်တ
ပါက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။တရားစီရင်တော်မူသော အချိန်ရောက်
လာပြီ။ကောင်းကင်နှင့်မြေကြီး၊သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်
ကို ကိုးကွယ်ကြလော့ဟုကြီးသော အသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်
ကိုငါမြင်၏။ ဗျာဒိတ်ကျမ်း အခန်းကြီး တစ်ဆယ်လေး ၁၄း အခန်းငယ်ခြောက်နှင့်ခုနှစ်မှာတွေ့
ရသော အချက်လက်မှာ

မှတ်ချက်။မြေကြီးဆိုသော စကားမှာ ကျွန်ပ်တို့သည် မြေကြီး၏ မူလအစမှာဘယ်ကနေပေါ်
ပေါက်လာသည်ကို တချက်လောက်လေ့လာကြည့်ရအောင်လား။(ဖတ်စရာကျမ်း
ကမ္မာဦးကျမ်း
အခန်းကြီး ၁း အခန်းတွင်ကိုမှာတွေ့ရှိနိုင်သည်
အစဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည် အ
ဆင်းသဏ္ဍာန်မရှိ၊လွပ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ် မှောင်မိုက်ဖုံးလွမ်း၍ဘုရားသခင်၏
ဝိညာဉ် တော်သည် ရေမျက်နာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ စကားဖြေ။   ကျွန်ပ်တို့သည်မြေ
ကြီး ကို ထာဝရ ဘုရားသခင်ဖန်ဆင်းတော်မူကြောင်းသမ္မာကျမ်းတော်မြတ်မှာဖေါ်ပြခြင်းတွေ့
ရှိသည်
မြေကြီးအပေါ်နေ သောသူတည်းဟူသော ဆိုအချက်မှာကျွန်တော်တို့အဘယ်ကဲ့သို့တွေ့ရှိနား
လည်နိုင်သော အချက်မှာ ထိုလူမျိုးသည်ဘယ်ကဆင်းသက်သည်မှာ တွေ့ရှိနားလည်နိုင်သည်
ကို ကျွန်တော်မသိပါ သို့သော်လည်း ကျွန်ပ်အား  အဘယ်သို့ဖေါ်ပြခြင်းကို   နားလည်သဘော
ပေါက်နိုင်သော အချက်မှာ ဘယ်မှာတွေ့ရှိနိုင်သည်မှာ ကမ္ဘာဦးကျမ်း အခန်းကြီး ၃း အခန်းငယ်
၂၀ ကိုဖတ်ရှုသောအခါတွင်တွေ့ရှိနိုင်သည် (ထိုအခါလူသည်  မိမိမယားကို၊ ဧဝအမည်ဖြင့်မှည့်
လေ၏။အကြောင်းမူကား၊ သူသည်အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သတည်း။
မှတ်ချက်။ကျွန်ပ်တို့တွေ့ရှိသောအချက်မှာ လူမျိုးတကာတို့အမိဖြစ်ဧဝအမည်ရှိသောလူမျိုးမှ
ဆင်းသက်လာကြသည်ဖြစ်၍။ကျွန်ပ်တို့သည် ထာဝရ ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြ
လော့ဟု၍ ဘုရားသခင်ကောင်းကင်တပါး၏သိတင်းစကားမှာတွေ့ရှိသည် ဘုရားသခင်ကိုမယုံ
ကြည်သူများတို့သည်လည်း လူသည်မျောက်ကမှဆင်းသက်လာသည်ဟူ၍ ပြောဆိုကြသည်
သို့သောလည်း။လူနှင့်မျောက်သည် အဘယ်သို့ကွာခြားမှုရှိသည်မှာတွေ့ရှိနိုင်သည်မှာ အဆင်း
သဏ္ဍာန်တူသော်လည်း။ မျောက်ံဝနှင့် လူမိန်းမ လိင်တူဆက်ဆံခြင်းကြောင့်  HIB AIDS ရောဂါများဖြစ်ကြောင်း ဆေးပညာရှင်များသုတေသနသိပညာရှင်များမှဖေါ်ပြခြင်းကို ကျွန်ပ်
တို့တွေ့ရှိလေ့လာခဲ့သည်။ ကျွန်ပ်တို့လူသည်ဘုရားသခင်ဖန်ဆင်းတော်မူကြောင်းကိုသမ္မာကျမ်း
စာတော်မြတ်မှာဖေါ်ပြထားသည်ကို တွေရှိနားလည်ပေသည်။ ကမ္ဘာဦးကျမ်း  အခန်းကြီး ၁ အ
ခန်းငယ် ၂၆ကိုဖတ်ရှုသောအခါတွင် တွေ့ရပေသည် သမ္မာကျမ်းစာကိုတချက်ဖတ်ကြပါစို့လား
တဖန် ဘုရားသခင်က၊ငါတို့ပုံသဏ္ဍာန်နှင့်တညီ တသဏ္ဍာန်တည်း။လူကိုဖန်ဆင်းကြစို့။သူသည်
ပင်လယ်ငါးတို့ကို၎င်း၊မြေတပြင်လုံးနှင့်တကွ၊မြေကြီးပေါ်မှာတွားတတ်သောတိရစ္ဆာန်နှင့်အပေါင်း
 တို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။-ထိုသို့ သခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီ လူကိုဖန်
 ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်၊အညီ လူယောက်ျားလူမိန်းမကို ဖန်ဆင်း ပြီးလျှင်၊- အချင်းတို့၊
 များပြားစွာမွေးဘွားကြလော့။မြေကြီးကို ပြည့်စေ၍နိုင်ကြလော့။ပင်လယ်ငါးတို့ကို၎င်း၊ အသက်ရှင်၍ မြေကြီးပေါ်မှာလှုပ်ရှား တတ်သော တိရစ္ဆာန်
အပေါင်း တို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
မှတ်ချက်။ကျွန်ပ်တို့သည် ဘုရားသခင်က တိရစ္ဆာန်အပေါင်းတို့အုပ်စိုးဟူ၍ အမိန့်တော်ရှိသည်
အတိုင်းထူခြာချက်ကိုတွ့ရှိသည်မှာ ကြီးမားသောတိရစ္ဆာန်များတို့ လူကိုကြောက်တတ်သောအ
ရာကိုတွေ့ရသည်ဖြစ်သည်  ဥပမာအားဖြင့် ဆင်  ကျား ကုလားအုပ် စသဖြင့်တိရစ္ဆာန်အပေါင်းတို့
သည်လူ၏အုပ်စိုးခြင်းရှိသည်ကိုတွေ့မြင်ရသည်  နောက်တချက်မှာ မြေကြီးအပေါ်မှာများပြား
စွာမွေးဘွားကြလော့ဟူသော အမိန့်တော်ကိုအဘယ်သို့သိရှိနားလည်နိုင်သည်မှာ ကမ္ဘာအပေါ်
ရှိလူမျိုး အသီးအသီးတို့သည် ဘာသာစကား   မတူညီသော်လည်းတူညီသောအချက်ကိုတွေ့ရှိ
သည်။ ထိုင်းဘာသာစကားမှာ မိခင်ကိုအဘယ်သို့ခေါ်ဆိုသည်မှ မက် ဘခင်ကိုအဘယ်သို့ခေါ်
ဖေါ့။ မြန်မာလိုခေါ်ဆိုသောအခါတွင်တွေ့ရှိရသော အမေ အဖေ ကရင်ဘာသာစကားမှာ အပါ
အမိုး  အင်္ဂလိပ်ဘာသာစကားမှာအပါ မာမာ  တရုပ် အတူဘဲခေါ်ဆိုသည်ကိုတွေ့ရှိရသည် အခြားသောလူ မျိုးများတို့သည် အပါ အမာဟူ၍ ခေါ်ဆိုခြင်းအများပြားရှိကြောင်းသိရသည်

တရားစီရင်တော်မူသော အချိန်ရောက်လာပြီဟူဆိုသောအချက်မှာ အဘယ်သို့တွေ့ရှိသည်မှာ
ထာဝရ ဘုရားသခင် ပညတ်တော်ဆယ်ပါးရှိသည်ကိုတွေ့နိုင်ပေသည်
၁။ငါမှတပါး  အခြားသောဘုရားကို မကိုးကွယ်နှင့်
၂။ရုပ်တုကို ဆင်းတု  ကိုယ်အဘို့မလုပ်နှင့်။ ဦးမချနှင့်
 ၃။အသင့်၏ဘုရားသခင်နာမတော်ကိုမုသာနှင့်မမြွတ်ဆိုနှင့်
၎ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။
၅။ မိဘကိုရိုသေစွာပြုလော့
၆။လူ၏အသက်ကိုမသတ်နှင့်
၇။သူ့မယားကိုမပြစ်မှားနှင့်
၈။သူ့ဥစ္စာမခိုးနှင့်
၉။ကိုယ်နှင့် စပ်ဆိုင်သောသူ တဘက်၌ မမှန်သောသက်သေမခံနှင့်
၁၀ကိုယ်နှင့်စပ်ဆိုင်သောသူ၏  အိမ်ကိုလိုချင်တပ်မက်သောစိတ်မရှိနှင့်
ကျွန်ပ်တို့သည် ပညတ်တရားမှာတွေ့ရသောအချက်မှာ၊ငါမှတပါးအခြား ဘုရားမကိုးကွယ်နှင့်
ဒီပညတ်ကိုကျွန်ပ်တို့ဘယ်သိရှိလဲဆိုသော ခရစ်ယာန်ဘာသာဝင်တို့သည် အခြားသောဘုရား
ကို ကိုးကွယ်နေသောအရာခုကိုတွေ့ရသည်အဘယ်သို့တွေ့သည်မှာ။ယေဇကျေလအနာဂတ္တိကျမ်း
အခန်းကြီး ၂၀ အခန်းငယ်၂၄ မှာတွေ့သည် အကြောင်းမူကား၊သူတို့သည် ဘိုးဘေးတို့ ကိုး
ကွယ်သော ရုပ်တုများငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို  မစောင့်ရှောက်၊မထီမဲ့
မြင်ပြု၍။ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချ၏။ဒီအချက်မှာ တွေ့ရှိရသည်ပထမပညတ်ကိုလွန်ကျူး
သည်တွေ့ရသည်အဘယ်ကြောင့်ဆိုသောအခါတွင်ခရစ်ယာန်များရုပ်တုကိုးကွယ်နေသည်
ကိုတွေ့ရသည် ပညတ်တော် နှစ်ပါး၌ ခရစ်ယာန်အပေါင်းတို့ပြည့်စုံစွာပြုလုပ်နေသည်ကိုတွေ့ရ
သည်၊တတိယပညတ်အသင်၏ဘုရားသခင်၏နာမတော်ကိုမုသာနှင့်ဆိုင်၍မမြွက်ဆိုနှင့်ဘယ်မှာ
ပြည့်စုံသည်ကိုတွေ့ရသည်မှာ ဘုရားသခင်၏ ပညတ်တော်ကို ပယ်ကြ၏။လျို့ ဝှက်သောသူတို့
သည်၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍
 နှုတ်ခမ်းနှင့် ငါကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။လူတို့စီရင်သောပညတ်တို့
ကိုသွန်သင် ၍နည်းဥပဒေပေးလျက်ပင်ငါကိုအချည်းနီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်သတံ့သော
အရာအရာကိုလျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍ မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း ၇
သွားတွေ့ရှိပါသည်
မှတ်ချက်။ကျွန်ပ်တို့ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ သည် ဘုရားသခင်၏ ပညတ်တရားများ
လွန်ကျူးကြသည်နှင့်အညီ တွေ့ရှိရသည်ဖြစ်၍ ခရစ်ယာန်အပေါင်းတို့သည်  ပဋ္ဌမနေ့ရက်ကို
ဥပုသ်နေ့ဟူ၍ ဟောပြောကြသည်ဖြစ်၍ ခရစ်တော်ရှင်ပြန်ထမြောက်သောနေ့ ထိုနေ့ကို ခရစ်
ယာန်အပေါင်းတို့သည် ခရစ်တော်ကို ယုံကြည်သောအားဖြင့်သာ ကိုးကွယ်နေ့ဟူ၍ ထင်မှတ်ကြ
သည် သို့သော်လည်း ခရစ်တော်၏တပည့်တော်များတို့သည် ပဋ္ဌမနေ့ရက်၌အဘယ်ကြာင့်စုဝေး
ကြသည် သမ္မာကျမ်းစာမှ ဖေါ်ပြချက်များကိုလေ့လာတွေ့ရှိရသောအခါတွင် တပည့်များအဘယ်သို့
စုဝေးသည်သိရှိနားလည်နိုင်ရန် ဖတ်ရှုရမည် သမ္မာကျမ်းစာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်း
ကြီး ၂၀အတွင်၌ ဖေါ်ပြချက် အလေးထား၍ လေ့လာသင့်ကြောင်း ကျွန်ပ်တိုက်တွန်းနိုးဆော်
လိုက်ရသည် ဖတ်ရှု့မယ်။ ထိုနှစ်ရက်အတွင် ပဋ္ဌမနေ့ရက် ဖြစ်သော ထိုနေ၌ ည အချိန် ရောက်
သောအခါ၊ ယုဒ လူတို့ ကို ကြောက်၍တံခါးများ ပိတ်လျက်၊ တပည့်တော်တို့သည် စည်းဝေးကြ
အရပ်သို့ယေရှုသည် ကြွလာသည်၍ အလယ်မှာ  ရပ်တော်   မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်းရှိ
စေသတည်းဟုမိန့်တော်မူ၏ ။အခန်း ငယ်၁၉ ၌တွေ့ရှိသောအကြောင်းအရင်းများမှာ ယုဒ လူ
တိုကိုကြောက်သောကြောင့် စည်းဝေးသည်ဟူဖေါ်ပြထား ထိုနေ့သည် ဥပုသ်နေ့ လွန်သွားသော
နေ ပဋ္ဌမနေ့ဟူ၍ သမ္မာကျမ်းစာမှ ဖေါ်ပြထားသည်ဖြစ်၍ ဘာမှငြင်းခုံစရာအကြောင်းမရှိပေ
မှတ်ချက်။ကောင်းကင်တမန်တပါး၏ သိတင်စကားအတွင်းပါရှိသော အချက် ထာဝရ ဘုရားဧဝံ
ဂေလိတရား ဟောရသော ကောင်းကင်တမန်တပါး အဘယ်သို့ပြောဆို၍ ပျံဝဲလျက်ရှိသည်မှာ
ဘုရားသခင်ကိုကြောက်၇ွံ၍ ချီးမွမ်းကြလော့ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ
အဘယ်သို့သောဟောပြောသည်မှာ တွေ့ရှိနားလည်နိုင်သည်မှာ မြေကြီး သမုဒ္ဒရာစမ်းရေတွင်
တို့ကို ဖန်ဆင်းတော်သောအရှင်ကို ကိုးကွယ်ကြလော့ ဟောပြောသည်တွေ့မြင်ရသည်
အဖြေ။ကမ္ဘာဦးကျမ်း အခန်းကြီး ၂အတွင်း၌ တွေ့ရသော အချက်အလက်များ။ ထိုသို့ ကောင်းကင် မြေကြီးနှင့်တကွ၊ ခပ်သိမ်း သောတန်ဆာ တို့သည် ပြီးစီးလျက် ရှိကြ၏။
 သတ္ထမနေ့ ရောက်လျှင်၊ ဘုရားသခင်သည်  ဖန်ဆင်းသော အမှုကို လက်စသတ်တော် မူခဲ့ပြီး သည်ဖြစ်၍၊ ထိုသတ္ထမနေ့ ငြိမ်ဝပ်စွာ နေတော်မူ၏။ထိုသတ္ထမနေ့ကို ဘုရားသခင်သည် ကောင်း
ကြီးပေး၍  သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်း ပြုပြင်တော် မူသော အမှုအရာ
 အလုံးစုံတို့သည် ပြီးစီးသောကြောင့် ၊ထိုနေရက်၌ငြိမ်ဝပ်စွာနေတော်မူ၏
မှတ်ချက်။ဖန်ဆင်းသောအရှင်ကို ကိုးကွယ်ကြလော့  ဟူသောစကားမှာ  သတ္တမနေ့ ရက်သည်
ဖန်ဆင်းခြင်းတို့ ၏  အထိန်းအမှတ်ဖြစ်ကြောင်းသမ္မာကျမ်းစာ  မှဖေါ်ပြင်ခြင်းကို တွေ့ရှိသည်
နောက်ထပ်၍ လေ့လာစရာကျမ်းပိုဒ်များ ထွက်မြောက်ရာကျမ်း အခန်းကြီး၂၀ အခန်းငယ်၈မှာ
ဖတ်ကြည့်ရအောင်။
ဥပုသ်နေ့ ကိုသန့်ရှင်းစေ ခြင်း ငှါ ထိုနေ့ရက် အောက်မေ့လော့။ စကားဖြေ ထာဝရဘုရားသခင်
သည် ဖန်ဆင်းပြုပြင်ပြီးသောနေ့ ထိုနေ့ရက်သည် သန့်ရှင်းသောေ န့ ဖြစ်ကြောင်းဖေါ်ပြခြင်း၌
နားလည်နိုင်သည် ကောင်းကြီး ပေးသောနေ့ ငြိမ်ဝပ်စွာနေသောနေ့ရက်ဖြစ်ကြောင်းသမ္မာကျမ်း
မှာဖေါ်ပြထားသည်။ ဖန်ဆင်းအရှင်ကို ကိုးကွယ်ကြလော့ဟုသောအနက်မှာထွက်မြောရာကျမ်း
 အခန်းကြီး၂၀ အခန်းငယ်၁၁မှာတွေ့ရှိရသောအကြောင်းအရာမှာတချက်လောက်ဖတ်
ကြည့်ရအောင်
အကြောင်းမူကား၊ထာဝရဘုရား မိုဃ်ကောင်းကင်၊မြေကြီး သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို
ခြောက်ရက်အတွင် ဖန်ဆင်း၍ သတ္ထမနေ့ ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရ
သည် သတ္ထမနေ့ ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။သမ္မာကျမ်းစာတအုပ်လုံးချုံ
၍ရှာကြည့်သောအခါထာဝရဘုရားသခင်ကောင်းကြီးပေးသောနေ့သည်သတ္ထမနေ့ဖြစ်ကြောင်း
သမ္မာကျမ်းစာမှာဖေါ်ပြချက်များတွေ့ရှိသည်
မှတ်ချက်။ထာဝရ ဘုရားသခင်သည်  ဖန်ဆင်းခြင်း၏  အမှတ်တံဆိပ်ဖြစ်သော  ဘုရားသခင်
၏။ဥပုသ်နေ့ ဖြစ်ကြောင်း သမ္မာကျမ်းမှာ အခေါက်ခေါက်အခါခါ ဖေါ်ပြခြင်းကိုတွေ့ရှိပေသည်
ကျွန်ပ်တို့သည်ထာဝရဘုရားသခင်ဖန်ဆင်းအရှင်ကိုယုံကြည်သောသူစစ်မှန်လျှင်၊ထာဝရဘုရား
သခင်၏ သန့်ရှင်းသော ဥပုသ်တော်နေ့ စောင့်ရှောက်ကြမည်ဖြစ်ကြောင်း သမ္မာကျမ်းစာမှဖေါ်
ပြသည်။
ကျွန်ပ်တို့သည် မပျောက်ပျက်နိုင်သောအရာကို  ထာဝရ နာမကိုရှိမည်အကြောင်း အဘယ်သို့
အားဖြင့်လုပ်ဆောင် နိုင်ကို  ကျွန်တော်လည်းမသိရှိပါ ကျွန်ပ်အား ထာဝရ ဘုရားသ
ခင်မှာဖေါ်ပြထားသည်အတိုင်းကျွန်ပ်ဓမ္မမိတ်ဆွေအပေါင်းတို့အားဖေါ်ပြလိုက်ပါရစေ
                                
ယေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆းအခန်းငယ်၎မှ ၆ ကိုတချက်လောက်လေ့လာကြည့်
ရအောင်လား
ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ်နေ့ ကိုစောင့်လျက် ငါနှစ်သက်သောအရာကို
ရွေးယူ၍၊ ငါ၏ပဠိညာဉ်ကိုမှီဝဲသော  မိန်းမလျှာ တို့အား၊သာသမီးတို့  ထက်မြတ်သောအရာ၊
မြတ်သော နာမကိုငါ့အိမ်၊င့ါတန်တိုင်အတွင်၌ငါပေးမည်၊မပျောက်နိုင်သော ထာဝရ နာမကို သူ
တို့အား ငါပေးမည်  ထာဝရ ဘုရားထံ၌ အမှုစော့င်ခြင်း၊နာမတော်ကိုချစ်ခြင်း၊ကျွန်တော်အရင်
ဖြစ်ခြင်း အလိုငှါ ထာဝရ ဘုရားကိုမှီဝဲသောသူ တပါးအမျိုးသား တို့ကို၎င်း၊ဥပုသ်နေ့ကိုမရှုတ်
ချ၊စောင့်ရှောက်၍ငါပဠိညာဉ်ကိုစွဲလမ်းသောသူအပေါင်းတို့ကို၎င်း၊
မှတ်ချက်။ထာဝရ ဘုရားသခင်၏ ဥပုသ်နေ့ ကိုစောင့်ရှောက်ခြင်းသည်ဘုရားသခင်နှစ်သက်
အကြောင်းဖြစ်ကြောင်းသမ္မာကျမ်းမှာဖေါ်ပြသည် ကိုတွေ့ရှိပေသည် ထိုကြောင့် ကျွန်ပ်တို့သည်
ဘုရားသခင် ဥပုသ်နေ့မရှုတ်ချဘဲစောင့်ထိန်းအလွန်ဘဲအရေးကြီးသောအကြောင်းအရာတခုဖြစ်
သည်ကိုနားလည်ရပေသည်
ထာဝရ ဘုရားသခင်၏  ဥပုသ်နေ့တို့သည် ကျွန်ပ်တို့နှင့်  အဘယ်သောအကြောင်းအရင်းဖြစ်
ကြောင်းကို သမ္မာကျမ်းစာတော်မြတ်မှ အဘယ်သို့ဘော်ပြခြင်းကိုတွေ့ရှိနားလည်ကြမည်ကို အ
ကျွန်ပ်မသိပါ သို့သော်လည်း ဘုရားသခင်သည်  ကျွန်ပ်အားအဘယ်သို့ဖေါ်ထားသည်ကို လေ့
လာမှတ်သားစရာ အဓိကအကြောင်းအရင်ဖြစ်သည်
ငါ၏စီရင်ထုံးဖွဲချက်တို့ကို စောင့်ရှောက်ကျင့်ကြံကြလော့။ ငါ၏ ဥပုသ်နေ့တို့ကိုသန့်ရှင်းစေကြ
လော့၊။ငါသည် သင်တို့၏  ဘုရားသခင်ထာဝရဖြစ်သည်ဟု၊ သင်တို့သိမည်အကြောင်း
ထိုဥပုသ်နေ့ တို့ ကိုငါနှင့် သင်တို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ ငါဆို၏
မှတ်ချက်။ကျွန်ပ်တို့ သည် ထာဝရ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်ကြောင်း အဘယ်သို့
သိရသည်မှာ ထာဝရ ဘုရားသခင်၏ ဥပုသ်နေ့ ကိုစောင့် ထိန်းသောသူသည် ထာဝရ ဘုရား
သခင်ကို ယုံကြည်သောသူအစစ်မှန်ဖြစ်ကြောင်း သမ္မာကျမ်းစာမှဖေါ်ပြခြင်းတွေ့ရှိပေသည်
ထိုကြောင့် ငါသည်သင်တို့ ဘုရားသခင်ဖြစ်ကြောင် အသင်တို့သိမည်အကြောင်းဟူ၍ဖေါ်ပြ
သည်ကိုတွေ့ရှိပေသည် ထာဝရ ဘုရားသခင်အမိန့်တော်မူသည်ကား သင်တို့နှင့်ငါ၏စပ်
ကြား သက်သေလက္ခဏာဖြစ်မည်အကြောင်း ငါ၏ ဥပုသ်နေ့တို့ခန့်ထားတော်မူကြောင်းကိုဖေါ်
ပြခြင်းတွေ့ရှိသည်
နောက်ထာဝရ ဘုရားသခင် လက်ညှိုးတော်အားဖြင့်ရေးတော်မူကြောင်း ကိုသမ္မာကျမ်းစာမှ
ဖေါ်ပြချက်များလေ့လာကြည့်ရအောင်
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။သတ္ထမနေ့သည် ထာဝရ ဘုရားအားသန့်ရှင်းစေ၍ငြိမ်
ရသော ဥပုသ် ဖြစ်၏ ဥပုသ်နေ့ ၌ အလုပ်လုပ်သောသူ မည်သည်ကား ဧကန်အမှန်သေရမည်
။ သို့ဖြစ်၍ က္ကှသရေလ အမျိုးသား အစဉ်အဆက် တို့သည် ထာဝရ ပဠိညာဉ် ဖြစ်စေခြင်းငှါ၊ဥပု
သ် နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရ ကြမည်. ထိုသို့စောင့်လျှင်၊ ငါနှင့်က္ကှသရေအမျိုးသား
စပ်ကြား၌  ထာဝရ လက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့်မြေကြီးကို ခြောက်ရက်အတွင်း ဖန်ဆင်း၍ သတ္ထမနေ့ရက်၌ ငြိမ်ဝပ်စွာနေ
လျက် အားဖြည့်တော်မူသည်ဟု မောရှေမိန့်တော်မူ၏။- ထိုသို့ဘုရားသခင်သည် သိနာတောင်
ပေါ်မှာ၊ မောရှေနှင့် နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့်  အက္ခရာတင်သော
ကျောက်ပြားနှစ်ပြားကိုပေးတော်မူ၏။
ကောင်းကင်တမန်သုံးပါးတို့၏ သိတင်းစကား


Sunday, January 10, 2016

ဥပုသ်နေ့အကြောင်း

ကောင်းကင်တမန်သုံးပါတို့၏သိတင်းစကား
ထာဝရဘုရားသခင်၏ဖန်ဆင်းအစ၌ပကတိဥပုသ်
နေ့။
ပထမနေ့ရက်ကို ထာဝရ ဘုရားသခင်သည်အဘယ်အရာကို
ဖန်ဆင်းတော်မူသနည်း။
 အစဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။-မြေကြီးသည်အဆင်းသဏ္ဍာန်
မရှိ၊လွတ်လပ်ဟာဖြစ်၏။နက်နဲအရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍၊ဘုရားသခင်၏ဝိညာဉ်တော်
သည် ရေမျက်နာပြင်ပေါ်မှာ လှုပ်ရှာတော်မူ၏
ဘုရားသခင် ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်၏။--အလင်းနှင့်မှောင်ကို ပိုင်းခြား ခွဲထား တော်မူ၏။- အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကိုညဥ့်ဟူသော
အမည့်ဖြင့်၎င်း၊ ခေါ်ဝေါ် သမုတ်တော်မူ၍၊ ညဥ့်နှင့် နံနက်သည် ပဋ္ဌမနေ့ရက်ဖြစ်လေ၏ 
ကမ္ဘာဦးကျမ်း၊ အခန်းကြီး ၁ အခန်းငယ် ၁ ၌တွေ့ရပေသည်
မှာတ်ချက်။ကျွန်ပ်တို့သည်ခရစ်တော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပဋ္ဌမနေ့ကို ရှင်ပြန်
ထမြောက်သောနေ့ဟူ၍အလေးနက်ထား၍၊တနှင်္ဂနွေနေ၌ဘုရားဝတ်ပြုကိုးကွယ်ကြသောလည်း
ခရစ်ယာန်ဖြစ်ခဲ့သောလည်း အဘယ်အရာကိုမျှ အလေးအနက်မရှိကြခြေ ကျွန်ပ်တို့၏နစ်လုံးထဲ
၌ ခရစ်ယာန်တယောက်ဖြစ်လာသောလည်း အခြင်းနည်းတွေးစခြင်းဝတ်ပြုကိုးကွယ်ခြင်းဖြစ်ကြ
သည် မသိည့်မှတ်ကြခြေ။ကျွန်ပ်တို့ ဓမ္မာသစ်ကျမ်း၌ပဋ္ဌမနေ့ဟူ၍သမ္မာကျမ်းစာ၌များစွာသော
ဖေါ်ပြခြင်းကိုတွေ့ရှိပေသည်။
 ဓမ္မသစ်ကျမ်း၌ ပဋ္ဌမနေ့ကိုတချက်လောက်လေ့လာကြည့်ရအောင်လာ ဓမ္မမိတ်ဆွေအပေါင်းတို့
 ဥပုသ်နေ လွန်၍ ခုနှစ်ရက်အတွင်း ပဋ္ဌမနေရက် မိုဃ်းလင်းအံ့ဆဲဆဲ အချိန်၌၊မာဂဒလမာရိနှင့်
အခြားသောမာရိသည်သင်္ချိုင်းတော်ကိုအကြည့်အရှုသွားကြ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၁
၌တွေ့ရှိရပေသည်။
မှတ်ချက်။ခရစ်တော်ဘုရားကိုယုံကြည်သောသူအပေါင်းတို့သည် ယေရှုခရစ်တော်သေလွန်သော
နေ့ကိုသမ္မာကျမ်း၌ အဘယ်သို့ဖေါ်ပြခြင်းကိုတွေ့ရှိနားလည်နိုင်ကြမည်ကိုရှင်လုကာခရစ်ဝင်ကျမ်း
အခန်းကြီး ၂၄း အခန်းငယ် ၅၂မှ၅၆ကိုဖတ်ရှုလေ့လာကြည့်သောအခါတွင်အဘယ်သို့တွေရှိနား
လည်တွေ့ရှိသည်ကို အလေးအနက်ထားသင့်ကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား တိုက်တွန်း
နိုင်ဆော်လိုက်ပေသတည်း
ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။- အလောင်းတော်ကိုချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီး
လျှင်၊ တယောက် ကိုမျှ မသင်္ဂျိုတ်ဘူးသော ကျောက် တွင်း၌ ထားလေ၏။-ထိုနေ့ကား၊အဘိတ်
နေ့ ဖြစ်၍ ဥပုသ်နေ့ အချိန်နီးသတည်း။-ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမ
မျာသည် သင်္ချိန်တော်ကို၎င်း၊အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်းအကြည့်အရှုလိုက်
လာကြ၏။-ထိုနေ့မှပြန်ပြီလျှင်ဆီမွှေးနှင့်နံ့သာမျိုးကိုပြင်ဆင်၍ ပညတ်တော် အတိုင်းဥပုသ်နေ့
၌ အလုပ်မလုပ်ဘဲနေကြ၏။
မှတ်ချက်။ဓမ္မာသစ်ကျမ်းများတွင်လည်း ဥပုသ်နေ့ကိုအလေးနက်ထားရှိသည်ကို ကျွန်ပ်တို့တွေ့
ရှိသည်ဖြစ်၍။ထာဝရ ဘုရားသခင်ကိုယုံကြည့်သောသူအပေါင်းတို့  ကျွန်ပ်ဥပုသ်နေ့အကြောင်း
အဘယ်အတွက်ကြောင့် အကျွန်ပ်ရှင်းလင်းတင်ပြရသည်မှာ ကျွန်ပ်တို့ခရစ်တော်သည်လည်း
ဖန်ဆင်းအရှင်ဖြစ်ကြောင်း ကိုတွေ့ရှိနားလည်ရသောကြောင့် ယေရှုခရစ်တော်သည် လောက၌မကြွ
လာမှီ ဘုရားဖြစ်ကြောင်း သမ္မာကျမ်းစာများအတွင်း၌ များစွာဖေါ်ပြခြင်းကိုတွေ့ရသည်ဖြစ်၍
တချက်လောက်ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး တစ်အတွင်း၌ ဖန်ဆင်းအရှင်သည်ခရစ်
တော်ဖြစ်ကြောင်းကိုဖေါ်ပြထားခြင်းကိုတွေ့ရှိနိုင်သည်
အစအဦး၌ နှုတ်တော်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။နှုတ်
ကပတ်တော်သည်လည်း။ထိုနှုတ်ကပတ်တော်သည်ခပ်သိမ်းသောအရာတို့ ကိုဖန်ဆင်းတော်မူ
၏။ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွှတ်လျက်ဖြစ်သောအရာတစုံတခုမျှမရှိ။ရှင်ယောဟန်ခရစ်ဝင်
ကျမ်း အခန်းကြီးတစ်၌ ဖေါ်ပြချက်မှာ ယေရှုခရစ်တော်သည် ဖန်ဆင်းအရှင်ဖြစ်ကြောင်းကိုဖေါ်
ထားခြင်းကိုတွေ့သည်ဖြစ်၍ 
(မှတ်ချက်။ကျွန်ပ်တို့ခရစ်ယာန်အပေါင်းတို့သည်ဖန်ဆင်းခြင်နှင့်ပတ်သက်၍အဘယ်အမျှလောက်
လောက်နားလည်တွေ့ရှိသည်ကျွန်တော်မသိဘာသို့သော်လည်းဖန်ဆင်း၏ ခြင်းအကြောင်းများ
တွင် ထာဝရ ဘုရားသခင်သည် ဖန်ဆင်းပြုပြင်တော်မူသောအရာအလုံးစုံး၌ ပြီးစီးသောကြောင့်
ထာဝရ ဘုရားအရှင်သည် အဘယ်သို့သောအမှုကိုပြုသည်ကို အလေးနက်ထား၍ စဉ်းစားသင့်
ကြောင်းကို ကျွန်တော်ဖေါ်ပြလိုက်ရပေးသည်
ဖတ်ရန်သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း အခန်းကြီးနှစ်အတွင်း၌ ထားဝရဘုရားသခင်သည်ဖန်ဆင်း
သမျှတို့ အဘယ်သို့ သောအမှုကိုပြုသည်မှာ ရှိနားလည်ရန်အတွက် သမ္မာကျမ်းကိုဖတ်ကြည့်ရ
အောင်
ထိုသို့ ကောင်းကင် မြေကြီးနှင့်တကွ၊ခပ်သိမ်းသော တန်ဆာ တို့သည် ပြီးစီလျက်ရှိကြ၏။သတ္ထ
မ နေ့ရက် ရောက်လျှင်၊ဘုရားသခင်သည် ဖန်ဆင်းသော အမှုကိုလက်စသတ်တော်မူခဲ့ပြီ။သည်
ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာ တို့ သည် ပြီးစီးမှ၊ ထိုသတ္ထမ နေ့၌ ငြိမ်းဝတ်စွာနေတော်မူ
၏။ ထိုသတ္ထမနေ့ကို ဘုရားသခင်သည် ကောင်းကြီး ပေ၍ သန့်ရှင်းစေ တော်မူ၏။အကြောင်းမူ
ကား၊ ဖန်ဆင်းတော်ပြုပြင်တော်သောကြောင့်၊ ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။
ကမ္မာကျမ်း အခန်းကြီးနှစ် အခန်းငယ်တစ်မှ သုံးကိုဖတ်ရှုသောအခါတွင် 
မှတ်ချက်။ဖန်ဆင်းသမျှသော အမှုတို့ပြီးစီးသောကြာင့် ထာဝရ ဘုရားသခင်သည်ကောင်းကြီးမ
င်္ဂလာကိုသွန်းလောင်းပေးသောအချက်ကိုတွေ့ရှိပေသည်။နောက်တချက်ကဘာတွေ့ရလဲဆိုရင်
ထိုနေ့ရက်သန့်ရှင်းစေတော်မူ၏။ဆိုသော အချက်တချက်ကိုတွေ့ရှိသည်ဖြစ်။ ကျွန်ပ်တို့သည်
ဘုရားသခင်၏ ဥပုသ်နေ့ စောင့်ထိန်းခြင်အားဖြင့် ကောင်းကြီးမင်္ဂလာကိုခံစားရသောအခွင့်ကိုရ
ရှိသည်ဖြစ်ကြောင်း သမ္မာကျမ်းမှဖေါ်ပြခြင်းကိုတွေ့ရှိသည်ဖြစ်သည် 
ယေရှုခရစ်တော်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခြင်းရှိ ကြောင်းကိုသမ္မာသစ်ကျမ်း၌ ဖေါ်ပြ
ခြင်းကိုလေ့လာကြည့်ရအောင်
ထိုသားတော်သည် မျက်မြင် မရသော ဘုရားသခင်၏ပုံသဏ္ဍာန်တော်ဖြစ်၏။ဝေနေယျသတ္တဝါ
အပေါင်းတို့တွင်းလည်း သားဦးဖြစ်တော်မူ၏အကြောင်းမူကား၊ထိုသားတော်သည် ကောင်းကင်
ပေါ်၊မြေကြီးပေါ်မှာရှိသမျှသောရှုပအရာ၊အရှုပအရာ၊ရာဇပလ္လင်ဖြစ်စေ၊အစိုးရခြင်းတန်ခိုးဖြစ်စေ
၊အအထွဠ် အမြတ်ဖြစ်စေ၊အာဏာစက်ဖြစ်စေ၊ခပ်သိမ်သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ထို
သခင်အားဖြင်၎င်း၊ထိုသခင်အဘို့အလိုငှါ၎င်း၊ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ
၏။ ကောလောသဲသြဝါဒစာ အခန်းကြီး တစ်၌ သမ္မာကျမ်းစာမှဖေါ်ပြချက်မှာ ယေရှုခရစ်တော်
သည်ဖန်ဆင်းအရှင်ဖြစ်ကြောင်းတွေ့ရှိနိုင်သည် အခန်းငယ် ၁၅-၁၆ကိုဖတ်လိုက်ပါ
မှတ်ချက်။ကျွန်ပ်တို့သည်ဖန်ဆင်းအရှင်ထာဝရဘုရားသခင်ကိုယုံကြည်သောသူအပေါင်းတို့သည်
ဖန်ဆင်းခြင်း သက်သေလက္ခဏာ ဘယ်သို့သိရှိနားလည်ထားသည်ကျွန်တော်မသိရပါ သိုသော်
လည်း သမ္မာကျမ်းစာကိုဖတ်သောအခါတွင် ကျွန်တော်အားဘုရားသခင်၏ နှုတ်ထွက်တရားတော်
မှဖေါ်ပြမှာများ ဖန်ဆင်း၏ သက်သေက္ခဏာ တည်သော ဘုရားသခင်၏ ဥပုသ်တော်နေ့ဖြစ်
ကြောင်း သမ္မာကျမ်းတော်မြတ်မှာဖေါ်ပြာထားသည်ကို ကျွန်တော်နားလည်တွေ့ရှိခဲ့သည် 
ဆက်လက်၍ ဖတ်စရာကျမ်းစာ ထွက်မြောက်ရာကျမ်း အခန်းကြီး နှစ်ဆယ် ၂၀ အခန်းငယ် ရှစ်၈မှ တစ်ဆယ်အထိဖတ်ပါ ၁၁

ဥပုသ်နေ့ သန့်ရှင်းစေခြင်း ငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။--ခြောက်ရက်ပတ်လုံး အလုပ်မျိုး
ကို ကြိုးစား၍ လုပ်ဆောင်လော့။သတ္ထမနေ့ရက်သည်သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့မှစ၍ သင်၏ သားသမီး၊ကျွန်ယောက်ျား၊ကျွန်မိန်းမ၊တိရစ္ဆာန်၊သင်၏
တံခါးအတွင်း၌ နေသော  ဧည်သည် အာဂန္တုသည် အလုပ်မရ။အကြောင်းမူကား၊ထာဝရဘုရား
သည် မိုဃ်းကောင်းကင်၊မြေကြီး၊သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်အတွင် ဖန်ဆင်း၍
 သတ္ထမနေ့ရက်၌ ငြိမ်းဝပ်စွာ တော်မူ၏။ ထိုကြောင့် ထာဝရ ဘုရားသည် သတ္ထမနေ့ ရက်ကိုေ
ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ 
မှတ်ချက်။သမ္မာကျမ်း၌ ဖေါ်ပြချက်များမှာ ဖန်ဆင်း၏ အထိန်းအမှတ်ဖြစ်သော သတ္ထမနေ့ကို
အောက်မေ့ပါဟူ၍ ဖေါ်ပြထားသည်။ ထာဝရ ဘုရားသခင်အမိန့်တော်မူသည်ကား၊ခြောက်ရက်
အတွင်း အလုပ်မျိုးစုံကို ကြိုးစာ၍ လုပ်ဆောင်လော့ဟူ၍ ဖေါ်ပြထားသည် ခြောက်ရက် မိမိ၏
သားသမီးဖြစ်စေ ကျွန်ယောက်ျား  ကျွန်မိန်းမ အလုပ်မလုပ်ရဟူသော အမိန့်တော်ရှိသည်ကို
တွေ့ရှိနားလည်နိုင်ပေသတည်း ။နောက်တချက်ဘယ်သို့ဖေါ်ပြထားသည်မှာ အသင်း၏ ဘုရား
ထာဝရ ဘုရားသခင်ဟူ၍ ဖေါ်ပြခြင်းကိုတွေ့ရသည် ထာဝရ ဘုရားသခင်သည် ခြောက်ရက်အ
တွင်း ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူကြောင်းကိုဖေါ်ပြထားသည်ဖြစ်သည်
နောက်ထပ်၍ လေ့လာစရာအကြောင်းအရင်မှာ ဥပုသ်တော်သည် အဘယ်မျှလောက် ကျွန်ပ်တို့
အတွက်အရေးပါရှိသည်တွေ့မြင်နားလည်နိုင်ကြသည်မှာ သမ္မာကျမ်းစာ၌လေ့လာမှသာလျှင်
အအဘယ်မျှလောက် ကျွန်ပ်တို့ အတွက်အရေးကြီးသောအချက်လက်ဖြစ်ကြောင်းသိမြင်ရမှာ
ဖြစ်သည် ဆင်လက်၍ လေ့လာစရာသမ္မာကျမ်း ထွက်မြောက်ရာကျမ်း အခန်းကြီးသုံးဆယ်တစ်
၃၁ အခန်းငယ် တစ်ဆယ်ငါးမှတစ်ဆယ်ရစ်တိုင်အောင်ဖတ်ရှုလေ့လာကြည့်ကြရအောင် ဘာထူ
ခြားချက်တွေ့ရှိနိုင်လဲ  ကျွန်တော်တော့မပြောတတ်ဘူး သမ္မာကျမ်းစာကဖေါ်ပြပေးပါလိမ့်မည်

ခြောက်ရက်ပတ်လုံး အလုပ် လုပ်ရမည်။သတ္ထမနေ့သည် ထာဝရဘုရားသန့်ရှင်း၍ငြိမ်ရသော
 ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့ အလုပ်လုပ်သောသူ မည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။-
သိုဖြစ်၍၊က္ကှသရေလအမျိုးသား အစဉ်အဆက် တို့သည် ထာဝရ ပဠိညာဉ် ဖြစ်စေခြင်းငှါ၊ဥပုသ်
စောင့်ရကြမည်။ထိုသို့စောင့်လျှင်၊ ငါနှင့်က္ကှသရေလအမျိုးသားစပ်ကြား၌  ထာဝရ လက္ခဏာ
ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရ ဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်
့ရက်တွင်ဖန်ဆင်း၍၊သတ္ထမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက်အားဖြည့်တော်မူသည်ဟု မောရှေအား
 မိန့်တော်မူ၏။ ထိုသို့ဘုရားသခင်သည်သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်
 အဆုံး၌၊လက်ညှိးတော်နှင့်အက္ခရာတင်သောသက်သေခံချက်ကျောက်ပြားနှစ်ပြားကိုပေးတော်
မူ၏။
မှတ်ချက်။သမ္မာကျမ်းစာ၌ဖေါ်ပြချက်မှာ ခြောက်ရက်အလုပ်လုပ်ရမယ်ဆိုသောအချက်ကိုတွေ့ရ
သည်၊သတ္ထမနေ့သည်ထာဝရဘုရားသခင်၏သန့်ရှင်းသောနေ့ရက်ဖြစ်ကြောင်းဖေါ်ပြထားသည်။
ဥပုသ်နေ့ အလုပ်သော သူမည်ကားဧကန်အသေခံရမည်ဟူသောအမိန့်တော်ရှိကြောင်းကိုဖေါ်ပြ
ထားသည်ဖြစ်၍။ကျွန်ပ်တို့သည်ဘုရားသခင်၏အမိန့်တော်ကိုလွန်ဆန်နိုင်သောအခွင့်မရှိကြောင်း
နားလည်နိုင်သည်။ဥပုသ်နေ့တို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအမှတ်သားဖြစ်ကြောင်း
ကိုဖေါ်ပြထားသည်ကိုနားလည်နိုင်သည်။ဥပုသ်နေ့သည်လည်း ကျွန်ပ်တို့နှင့်ထာဝရဘုရားသခင်
နှင့် ထာဝရ ဘုရားသခင်ကိုယုံကြည်သောသူအပေါင်းတို့နှင့် စပ်ကြား၌ သက်သေလက္ခဏာ ပဠိညာဉ် တရားဖြစ်ကြောင်းကိုဖေါ်ပြထားသည်။ ပဠိညာဉ်ဆိုသောစကားမှာ ဂတိသစ္စာစကား
ဂတိကဝတ်ပြုခြင်း သစ္စာစောင့်တည်ခြင်းပင်ဖြစ်သည် ဟူ၍ အဓိပ္ပါယ်သက်ရောက်သည် ကျွန်ပ်
တို့သည် ယေရှုခရစ်တော်အားဖြင့်သာလျှင် ထာဝရဘုရားနှင့်ဆက်သွယ်နိုင်သောအခွင့်ကောင်း
တရပ်ဖြစ်သည် ဆက်၍ သိရှိနိုင်သောအချက်လက်များ ထိုပဠိညာဉ်ကျောက်ပြားနှစ်ချက်သည်
ထာဝရ ဘုရားသခင်ကိုယ်တ်ာတိုင်လက်ညှိုးတော်အားဖြင့်အက္ခရာတင်ကြောင်းကိုတွေ့
ရှိရသည်

ယေရှုခရစ်တာ် ပညတ္တိကျမ်း အနာဂတ္တိကျမ်းများ ကိုဖျက်ခြင်းကိုတွေ့ရနိုင်သလော့
ဖတ်စရာသမ္မာကျမ်းစာ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ငါး၅အခန်းငယ်တစ်ဆယ်ခုနှစ်မှတစ်
ဆယ်ရှစ်ကို ဖတ်ရှုပါက တွေ့ရှိနိုင် သောအချက်လက်ဖြစ်သည်
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့် ။ဖျက်ပယ်
ခြင်းငှါ ငါလာသည်မဟုတ်။ပြည့်စုံခြင်းငှါငါလာသတည်း။- ငါအမှန်ဆိုကား၊ကောင်းကင်နှင့်မြေ
ကြီးမပျက်စီးမှီ တိုင်အောင် ပညတ္တိကျမ်း၌အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မ
ရောက်မှီ မပျက်စီးရ။
မှတ်ချက်
ယေရှုခရစ်မိန့်မူတော်သော အချက်များမှာ ယေရှုခရစ်တော်သည် ပညတ္တိအနာဂတ္တိကျမ်းရှိ
သမျှတို့ကိုပြည့်ရန်အတွက်သာလာကြောင်းကိုဖေါ်ပြသည်ကိုတွေ့ရှိသည်။ကောင်းကင်နှင့်
မြေကြီးပျက်စီသော်လည်း ရှိသမျှသောပညတ္တိအနာဂတ္တိကျမ်းတို့သည်မပျက်ကြောင်းကိုဖေါ်
ပြသည်ဖြစ်၍ အဘယ်မျှလောက် ပညတ်တရားတို့သည်အရေပါကြောင်းခရစ်တော်ကို
ယ်တိုင်
အောင်သက်ခံတော်မူကြောင်းသိရှိနားပေသတည်း
ယေရှုခရစ်သည်အဘယ်သို့မိန့်တော်ကြောင်းကိုသိရှိနားလည်ကြမည်လော့
ငါ့ကိုချစ်လျှင် ငါပညတ်ကိုစောင့်ရှောက်ကြလော့။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၁၄း အခန်းငယ်
တစ်ဆယ်ငါး၌ ဖေါ်ပြချက်မှာ ငါကိုချစ်လျှင်သာလျှင်ပညတ်တော်တို့စောင့်ရှောက်ပါဟူ၍ဖေါ်ပြ
ထားသည် ဓမ္မမိတ်ဆွေတို့ ကျွန်ပ်တို့သည် ယေရှုခရစ်ကိုနှစ်လုံးသားအထဲ၌ကအမှန်တကယ်
ချစ်သောသူလျှင် ပညတ္တိကျမ်း အနာဂတ္တိကျမ်းကိုစောင့်ရှောက်သွားမည်ဖြစ်ကြောင်းတင်ပြ
လိုက်ပပေသတည်း 
 ကျွန်ပ်တို့သည် မုသာကိုသုံးသောခရစ်ယာန်နှင့် စစ်မှန်သောခရစ်ယာန်အဘယ်သို့ပိုင်းခြား၍
သိရှိနိုင်ကြမည်သည်မှာ ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် အခန်းကြီးနှစ်၂ အခန်းငယ်သုံး၃မှခြောက်အထိဖတ်ရှုသော အခါတွင်မုသာကိုသုံး ခရစ်ယာန်ကိုတွေ့ရှိနိုင်လည်
ရကြောင်းသမ္မာကျမ်းစာမှဖေါ်ပြထားသည်ကိုတွေ့ပါသည်
ထိုသခင်ကို  ကိုယ်တိုင်သိကျွမ်းသည် အဘယ်သို့ သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို
စောင့်ရှောက်လျှက်သိရသတည်း။ ထိုသခင်ငါသိ၏ဟုပညတ်တော်တို့ ကိုမစောင့်ဘဲလျက်ဆို
သောသူသည်မုသာကိုသုံးသောဖြစ်၍ ထိုသူ၌သစ္စာမရှိ။-ထိုသခင်၏စကားတော်ကိုနားထောင်
သောသူမည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့်အမှန်ပြည်စုံ၏။ငါတိုသည်ထိုသခင်၌ရှိ
ကြောင်းထိုသို့အားဖြင့်သိရကြ၏။ ထိုသခင်၌ငါတည်ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူ
သည်နည်းတူကျင့်ရမည်။
မှတ်ချက်။
ကျွန်ပ်တို့သည်ခရစ်တော်ကိုယုံကြည်သောသူစစ်မှန်လျှင်၊ပညတ်တရားတော်အတိုင်းလိုက်ရှောက်
ရမည်ဖြစ်ကြောင်းသမ္မာကျမ်းစာမှာဖေါ်ပြသည်ဖြစ်၍ ပညတ်တရားတော်တို့မစောင်နှင့်ယေရှုခ
ရစ်တော်ကိုယုံကြည်ပါတယ်ဟုဆိုသောသူအပေါင်းတို့သည်လည်း သမ္မာကျမ်းစာမှဖေါ်ချက်မှာ
ထိုသူတို့သည် သစ္စာမရှိသောသူများဟူ၍တွေ့ရှိသည် 
သစ္စာပျက်သောသူတို့၏လမ်းအဆုံးကဘယ်သို့ရှိသည်သနည်မူကား ဗျာဒိတ်ကျမ်း ၂၁း အခန်းငယ် ၈၌ တွေ့ရှိသောအချက်မှာ အဘယ်သို့သောဟူနားလည်နိုင်ကြလော့

ကြောက်တတ်သောသူ၊မယုံကြည်သောသူ၊စက်ဆုပ် ရွှံ့ရှာဘွယ်သောသူ။လူအသက်ကိုသတ်
သောသူ၊မတရားသောမေထုန်၌မှီဝဲသောသူ၊ပြုစားတတ်သောသူ၊သစ္စာပျက်သောသူအပေါင်း
တို့မူကား၊ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သောမီးအိုင်ထဲ၌မိမိအဘို့ကိုရကြလိမ့်
မည်
မှတ်ချက်။ကြောက်တတ်သောသူ။ဆိုသောစကားမှာ အချို့သောသူများတို့သည် လူမုန်းမှာ
ကြောက်၍ မပြောရဲသောသူများ မယုံကြည်သောသူ၊ခရစ်ယာန်ဖြစ်ပါလျက်နှင့် ဘုရားသခင်
စကားတော်များ ကိုအဟုတ်ကိုအဟုတ်အမှန်တိုင်းမဟောပြောသောသူများ၊လူအသက်ကို
သတ်သောသူများဆိုသောစကားများ၌၊လူကိုသတ်လက်နက်အားဖြင့်သတ်သည်မဟုတ် သမ္မာ
တရားများလွှဲမှားစွားသင်ပြသောသူများတို့သည်ပါဝင်သည်။မေထုန်၌ဆိုသောစကားများအဓိပ္ပါယ်
များစွာရှိကြောင်းတွေရသည်။ ဘုရားသခင်၏ ဥပုသ်တော်နေ့ကို မစောင့်ထိန်းဘဲလောကီမှ
သိည့်မှတ်ပြုထား သော ဥပုသ်နေ့ကိုစောင့်ထိန်းခြင်းအားဖြင့်သော၎င်းတို့အတွင်ပါကြောင်းသိရ
သည်။သစ္စာပျက်သောသူဆိုသောစကားမှာ ဘုရားသခင်၏ပဠိညာဉ်တော်ပညတ်တရား၌ သစ္စာပြုခြင်း ဖြစ်ကြောင်းသိရသည်