![]() | |
၁။မူလ၏သတ္ထမနေ့ဥပုသ်နေ့သတ္ထမနေ့ရက်ဘုရားသခင်ငြိမ်းဝတ်စွာနေသောနေ့ရက်ထိုနေ့၌ ကောင်းချီးပေး
ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ ။ကမ္ဘာဦး ၂း ၁-၃
မှတ်ချက်။ကျွန်ပ်တို့ ခရစ်ယာန် ဘာသာဝင်အပေါင်းတို့သည် ဥပုသ်နေ့နှင့် ဆိုင်သော အကြောင်း အမျိုးမျိုးကို
ဖော်ညွန်းကြပေသည် သို့ရတွင် ဖန်ဆင်းအရင်ကို ယုံကြည်သူမအပ ထာဝရ ဘုရားသခင်ဖန်ဆင်းခြင်းအ
ကြောင်း ကို မယုံကြည်ကြဘာ သို့ရာတွင် ထာဝရ ဘုရားသခင်သည် ခြောက်ရက်အတွင်း ဖန်ဆင်း၍ သတ္ထ
မနေ့ ရက် ရောက်လျှင်ထိုနေ့ရက်၌ ကောင်းချီး မင်္ဂလာကိုသွင်းလောက်သောနေ့ ထာဝရဘုရားသခင်ကိုယ်
တော် တိုင် ငြိမ်ဝပ်စွာနေ သောနေ့ဖြစ်ကြောင့်ကျွန်ပ်တို့ယုံကြည်သူမှန်လျှင်ဖန်ဆင်းခြင်း၏၊မူလအစ၌တည်
ရှိသော ထာဝရ ဘုရားသခင်ကိုယ်တော် ငြိမ်ဝပ်စွာနေ သောကိုနေ့ ကျွနပ်တို့ ယုံကြည်သူများ ထိုနေ့၌ ငြိမ်
ဝပ်စွာ နေအပ်သောနေ့ ဖြစ်၏ ထိုကြောင့် ကျွန်ပ်တို့ မယုံကြည်သူတို့သည် ဖန်ဆင်းကိုလည်း မသိ သော
သူမှတပါး ယုံကြည်သူမှန်လျှင် ထိုသတ္ထမနေ့ ရက်၌ ငြိမ်းဝပ်စွာ နေ၍ ထိုနေ့၌ ထာဝရ ဘုရားသခင်ကောင်း
ချီးပေးသော နေ့ဖြစ်သည် ကြောင့် သမ္မာကျမ်းစာ၌ ဖော်ပြခြင်းရှိပေသည်။
၂။ သတ္ထမ နေ့ ဥပုဉ်နေ့ ဘုရားသခင်၏ ချမ်းသာအထဲသို့ဝင်နိုင် သောဂတတာ် ယုံကြည်သူများ၌ ကျန်ရစ်
ခြင်းအကြောင်း
ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရသော အခွင့်ကိုပေးသောဂတိတော်သည်ငါတို့၌ရှိရစ်လျက်နှင့်၊
သင်တို့တွင်အချို့တို့သည်မမှီဘဲနေမည်ကိုစိုးရိမ်ကြကုန်အံ့။ငါတို့သည်ဝမ်းမြောက်စရာသိတင်းကိုထိုသူတို့ကဲ့
သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ယုံကြည်ခြင်းနှင့်
မရောနှောသောကြောင့်အကျိုးကိုမပေး။ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို
့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု
အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်း
သာဟု ဆိုလိုသတည်း။ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌လာသည်ဘုရား
သခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာ
သတည်း။ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။ထို
ကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်မြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသောသူတို့သည်မယုံကြည်
သောကြောင့် မဝင်ရကြပြီ။တဖန်တုံ၊ ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍
ခိုင်မာသောစိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက်ကာလကြာပြီမှ၊ယနေ့ဟုဒါဝိဒ်ကျမ်းစာ၌လာ
သောအခါ၊တစုံတခုသော နေ့ရက်ကိုသေချာစွာမှတ်သားသတည်း။ယောရှုသည်ထိုသူတို့ကိုချမ်းသာပေးသည်
မှန်လျှင်၊ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်းထိုကြောင့်၊ ဘုရားသခင်၏လူတို့အဘို့
အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး၏။ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝပ်
စွာ နေတော်မူသည်နည်းတူ၊ထိုချမ်းသာထဲသို့ဝင်ရသောသူသည်လည်းမိမိအမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝပ်စွာ
နေရ၏။ဟေဗြဲသြဝါဒစာ ၄း၁-၁၀
မှတ်ချက်။ဘုရားသခင်၏ ချမ်းသာအထဲသို့ဝင်ရသော အခွင့်ရှိခြင်း။ဘုရားသခင်၏ ဂတိတော်ထားရှိခြင်း များစွသော အချက်လျက်များစွာ တွေ့ရှိသည်ပေသည် ကျွန်ပ်တို့ ယုံကြည်ခြင်း တရား၌ ပါရှိသော သော ကမ္ဘာဦး
ကပင် ထာဝရ ဘုရားသခင်သည် ခြေက်အတွင်းဖန်ဆင်း၍ ခုနှစ်ရက်မြောက်သောနေ့၌ ဘုရားသခင်ကိုယ်
တော် တိုင် ငြိမ်ဝပ်စွာနေသော ဟူ၍ သမ္မာကျမ်းစာ၌ော်ပြခြင်းရှိကြောင်း တွေ့ရှိနားလည်နိုင်ပေလိမ့်မည်ထို
နေသည် ဘုရားသခင်၏ ချမ်းသာအထဲသို့ ဝင်ရသောနေ့ရက်ဖြစ်သည်ထိုနေ့ကိုမစောင့်ထိန်းသောသူမူကား
ဘုရားသခင်၏ ချမ်းသာအထဲ သို့ ဝင်ရသော အခွင့်မရှိကြ ဝမ်းမြောက်ခြင်းစရာသိတင်းကိုရှေ့ဦးစွာ ကြား
ရသောသူ တို့ သည်မယုံကြည်သောကြောင့် ဘုရားသခင်၏ချမ်းသာသို့ မဝင်ရကြ ကျွန်ပ်တို့ ယုံကြည်သူ
ခရစ်ယာန်ဘာသာဝင်အပေါင်း တို့သည်လည်း စစ်မှန်သော ယုံကြည်သူမှန်လျှင် ဘုရားသခင်၏ ခုနှစ်ရက်
မြောက်သောနေ့ ငြိမ်ဝပ်ရသောနေ့ဘုရားသခင်၏ချမ်းသာအထဲသို့ဝင်ရသောနေ့တည်ဟူသောထို့၌ အောက်
မေ့ သတိရခြင်း ရှိကြပေလိမ့်မည် စစ်မှန်သော ယုံကြည်ခြင်း မရှိသောကြောင့် မုသာနှင့်ဆိုင်၍ နှုတ်ခမ်းနှင့်
ယုံကြည်သူများ ဖြစ်သောကြောင့် ခုနှစ်ရက်မြောက်သောနေ့ ထိုနေ့၌ ထာဝရ ဘုရားသခင် ကိုယ်တော်တိုင်
ငြိမ်ဝပ်ရသောနေ့ ဖြစ်ကြောင်း သမ္မာကျမ်းစာများ၌ ဖော်ပြခြင်း ရှိကြောင်း တွေ့ရှိနားလည်နိုင်ကြပေလိမ့်မည်
၃။ ဥပုသ် နေ့သည် အဘယ်သူ၏ နေ့ရက်ဖြစ်သည်နည်း။
ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော
ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။
အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
ထွက်မြောက်ရာမျက်း ၂၀-၈-၁၁မှတ်ချက်။ သမ္မာကျမ်းစာ၌ဖော်ပြချက်မှာ ဥပုသ်နေ့ ကိုသန့်ရှင်းစေ ခြင်းငှါ။ ထိုနေ့ရက်ကိုအောက်မေ့လော့
ဆိုချက်အချက်မှာ၊ ကျွန်ပ်တို့ကို ဘုရားသခင်သည် ဟောင်နွမ်သွားသော အဝတ်စားများကဲ့သို့သော်၎င်း ပြန်
လည် ပြု ပြင်ပေးသောနေ့ ဖြစ်သည် ကျွန်ပ်တို့သည် ခြောက်ရက်ကာလပတ်လုံး လောကီရေးရာများနှင့်၍ ညွို နွမ်းသွားသော အသက်တာကို အဝတ်စာများကဲ့သို့ လျှော်တေဖွတ်ခြင်း စသဖြင့် ထာဝရဘုရား သခင်
နှင့် ပြန်လည်၍ ခုနှစ်ရက်မြောက်သောနေ့၌ ပြန်လည်၍ မိတ်သဟာဖွဲ့ခြင်းများ ပြုလုပ်ရန် ဘုရားသခင် သည်
ခုနှစ်မြောက်သော နေ့သည် ဖန်ဆင်းခြင်း၏ အထိန်းအမှတ်ဖြစ်သော သတ္ထမနေ့ ရက်ဖန်ဆင်းခြင်းကို ခံရ
သော အမှုအရာအလုံးတို့သည် ထာဝရ ဘုရားသခင်ပြန်လည်း၍ သတိရအောက်မေ့ရသောနေ့ တနေ့ဖြစ်
ကြောင်း ဖော်ညွန်းခြင်းဖြစ်သည် ကျွန်ပ်တို့ ယုံကြည်သူများအနေဖြင့် မိမိကိုယ်ကို မိမိမပိုင်ဆိုင်ကြောင်သိရှိ
နားသင့်ပေလိမ့်မည် ဘုရားခသည် မိမိပုံတောနှင့် အညီ လူကိုဖန်ဆင်းထားကြောင်း သိရှိအပ်ပေးလိမ့်
မည်။ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် သည် လူသားများအတွက်၌တည်ရှိနေသောကြောင့်ဘုရား
သခင်၏ ထို့နေ့၌ ကောင်းချီးပေး သောနေ့ ဖြစ်ကြောင်း ကျွန်ပ်တို့ ယုံကြည်သူများရှိနားလည်ရန်အလွန်မှ အ
ရေးကြီးလှပေလိမ့်မည်။ သမ္မာကျမ်းစာများ၌ တခြားသောနေ့များမှာ ကောင်းချီးပေးခြင်းမရှိခုနှစ်ရက်မြောက်
သောနေ့ ထိုနေ့ကို ထာဝရ ဘုရားသခင်ကောင်းကြီး ပေးသောနေ့ ဖြစ်ကြောင်းကောင်းမွန်းစွာ နားလည်နိုင်
သည်၊
၎။ထာဝရ ဘုရားသခင် ဥပုသ်နေ့ ရက်သတ္ထမနေ့ ဥပုသ်နေ့ အဘယ်ကြောင့်ခန့်ထားခြင်းရှိသနည်း
ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ငါနှင့်သင်တို့၏သား
စဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကိုစင်စစ်စောင့်ရကြမည်။ဥပုသ်နေ့သည်
သင်တို့အား သန့်ရှင်းသော ကြောင့်ထိုနေ့ကို စောင့်ရကြမည်။ဥပုသ်နေ့ကိုဖျက်သောသူတိုင်းအသေခံရမည်။
ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ယ်ရှင်းခြင်းကိုခံရမည်။ ခြောက်ရက်ပတ်လုံးအလုပ်
လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအားသန့်ရှင်း၍ငြိမ်ရသောဥပုသ်နေ့ဖြစ်၏။ဥပသ်နေ့၌အလုပ်လုပ်
သာသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ထိုသို့စောင့်လျှင်၊ငါနှင့်ဣ
သရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊သတ္တမနေ့ရက်၌ငြိမ်ဝပ်စွာနေလျက်၊အား
ဖြည့်တော်မူသည်ဟု မောရှေအားမိန့်တော်မူ၏။ထိုသို့ဘုရားသခင်သည်သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်
ဆက်တော်မူသည်အဆုံး၌၊လက်ညှိုးတော်နှင့်အက္ခယာတင်သောသက်သေခံချက် ကျောက်ပြားနှစ်ပြားကို
ပေးတော်မူ၏။ထွက်မြောက်ရာကျမ်း၃၁း၁၃-၁၈
မှတ်ချက်။ သမ္မာကျမ်းစာ၌ ထော်ပြာချက်မှာ ငါသည် သင်သန့်ရှင်းစေသောထာဝရဘုရားဖြစ်ကြောင်းကိုသင်
တို့သိစေခြင်းငှါ၊ ငါသည်၁။ သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊
၂။ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်
ရကြမည်။
၃။ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။
၎။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
၅။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။
၆။သတ္တမနေ့သည်ထာဝရဘုရားအားသန့်ရှင်း၍ငြိမ်ရသောဥပုသ်နေ့ဖြစ်၏။ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်
သည်ကား ဧကန် အမှန်အသေခံရမည်။
၇။ အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ဥပုသ်နေ့ရက်အစဉ်အတိုင်းဥပသ်စောင့်ရကြမည်။
၈။အကြောင်းမူကားထာဝရဘုရားသည်မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊သတ္တမ
နေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
၉။ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက်
ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။
အချက် ၉ချက်ကိုတွေ့ရှိသည်
၅။ ဥပုသ် နေ့သည် ယုံကြည်သူတို့၏ အဘယ်ဖြစ်ကြသည်ကိုနလည်းနိုင်ကြမည်သနည်း
ထိုမှတပါး ငါထာဝရဘုရား သည် သူတို့ကိုသန့်ရှင်းစေသည်ဟုသူတို့သည်သိမည်အကြောင်း၊ငါနှင့်သူတို့စပ်
ကြားမှာ လက္ခဏာသက်သေခြင်းစေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။
မှတ်ချက်။ကျွန်ပ်တို့ ယုံကြည်သူအပေါင်း တို့သည် ထာဝရ ဘုရားသခင်နှင့် ကန်ပ်တို့၏ စပ်ကြား၌ အမှတ်
က်သေ လက္ခဏာ ဖြစ်သည်ဟူ သမ္မာကျမ်းစာ၌ ဖော်ပြခြင်း တွေ့ရှိသည်
ယခုခေတ်ကာလ ယုံကြည်သူများတို့သည် ထာဝရ ဘုရားသခင် ဥပုသ်နေ့ အဘယ်သို့ပြု၍ ရှိကြသနည်း
ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်
ရှောက်၊မထီမဲ့မြင်ပြု၍ငါ၏ဥပုသ်နေ့တို့ကိုအလွန်ရှုတ်ချကြ၏။
၆။ထာဝရ ဘုရားသခင်၏ ဥပုသ်နေ့တို့ သည်အဘယ်သို့ဖြစ်ကြသည်နားလည်နိုင်မည်သနည်း
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ကျင့်ကြံကြလော့။
ငါ၏ ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေလော့။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု၊သင်
တို့သည်သိမည်အကြောင်း၊ထိုဥပုသ်နေ့တို့ကိုငါနှင့်သင်တို့စပ်ကြားမှာလက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။
