ငါ့သား၊ ငါ့စကားကို စေ့စေ့ နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။၂ ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ ငါပေးသော တရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။၃ သင်၏ လက်ချောင်း တို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။၎ ပညာကို ကိုယ်နှမဟူ၍င်း၊ ဥာဏ်ကို ကိုယ်ပေါက် ဘော်ဟူ၍င်းခေါ်လော့။၅ သို့ပြုလျှင်သူတို့သည် အမျိုးပျက်သော မိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည်ဆန်ဆာ မိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။၆-၇ ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍ မြင်ရသောအမှုဟူမူကား၊ ဥာဏ်တိမ်သော အမျိုးသားချင်း စုကိုငါ ကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊၈ ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊၉ မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဥ့်နက်သောအချိန်ရောက်သောအခါ၊ ထိုမိန်းမနေရာလမ်းသို့ လိုက်လေ၏။၁၀ ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသောမိန်းမသည် ထိုသူကိုကြိုဆို၏။၁၁ ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌ မနေ၊ လည်တတ်၏။၁၂ ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်း ထောင့်အရပ်ရပ် ၌ ချောင်းမြောင်း၍ ကြည့်တတ်၏။၁၃ ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်း ရှုပ်လျက်၊၁၄ ငါ၌ မိဿဟာယူဇော်သက္ကာရှိ၏။ ယနေ့ ငါဂတိဝတ်ကိုငါဖြေပြီ။၁၅ ထိုကြောင့် သင့်ကို ကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍ တွေ့ပြီ။၁၆ ငါ့ခုတင်ကို ချယ်လှယ်သော အိပ်ရာခင်းနှင့်င်း၊ အဲဂုတ္တု ပိတ်ချောနှင့်င်း ပြင်ဆင်ပြီ။၁၇ ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့် ထုံပြီ။၁၈ လာပါ၊ မိုဃ်းလင်းသည် တိုင်အောင် ကာမရာဂစိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။၁၉ ငါ့အရှင်သည် အိမ်မှာမှရှိ။ ငွေအိတ်ကိုဆောင်လျှက် ဝေးသော အရပ်သို့သွားပြီ။၂၀ ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊၂၁ ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင်၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့် နိုင်သဖြင့်၊၂၂ နွားသည်အသေခံရာသို့ လိုက်သကဲ့သို့င်း၊ သမင်ဒရယ် သည် မိမိအသည်း၌ မြ‡ားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ဝင်သကဲ့သို့င်း၊ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင်မှန်းကို မရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သကဲ့သို့င်း၊၂၃ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။၂၄ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်၍ ငါဟောပြောချက် တို့ကို မှတ်ကျုံးကြလော့။၂၅ ထိုသို့သော မိန်းမနေရာလမ်းကိုစိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍ မလိုက်နှင့်။၂၆ အကြောင်းမူကား၊ သူသည် စစ်သူရဲအများတို့ကိုလှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။၂၇ သူ၏ အိမ်သည် သေမင်း၏ ဘုံဗိမာန်သို့ ဆင်း၍၊ မရဏာနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏သုတ္တံကျမ်း အခန်းကြီး ၇ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာ နှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။ေ ရာမသြဝါဒစာ ၁၂း၁မတရားသောမထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြု တတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကို ပင် ပြစ်မှား၏။အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓွာသည် ဘုရားသခင်ပေး သနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင် ကြောင်းကို၎င်း၊ မသိကြသလော။သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားကြစေလော့။ေ ကာရိ န္တု သြဝါဒစာပဌမစောင် ၆း၁၈-၂၀ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာ နှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။ေ ရာမသြဝါဒစာ ၁၂း၁ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ်ကြောင့်ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင်မူကား၊သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်း သောအမှုကိုစ္စကို ပြုကြလော့။လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကို မရှာဘဲ သူ့အကျိုးကိုရှာ၍၊ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာအကြောင်းကိုမပြုဘဲ၊ ကောရိ န္တု သြဝါဒစာပဌမစောင် ၁၀း၃၀-၃၃ ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ ဆာလံကျမ်း ၆၄း၁၁ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၆အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။ ထိုသခင်သည် ဒုစရိုက်ကိုမပြူ။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။ ရှင်ပေတရုသြဝါဒစာပဌမစောင်၂း၂၁း၂၂နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣနြေ္ဒကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။ တိမောသေသြဝါဒစာဒုတိယစောင် ၃း၁-၅လောကကို၎င်း၊ လောက၌ရှိသော အရာတို့ ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။လောက၌ ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ် မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၁၅-၁၇အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။သို့ဖြစ်၍ စားရန်၊ ဝတ်ရန် ရှိသမျှနှင့် ရောင့်ရဲလျှက်နေကြကုန်အံ့။ ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သော ကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင် ထိုးကြပြီ။ သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက် ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကို ခံရ၍၊ သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာ ဝန်ခံပြီ။ တိမောသေသြဝါဒပဌမစောင် ၆း၇း-၁၂ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်း ကြလော့။သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ ယခု၌လည်း သင်တို့သည် ငါ့ကိုကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ဖိလိပ္ပိသြဝါဒစာ ၄း၇-၁၂မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ဗျာဒိတ်ကျမ်း ၂၂း၁၀-၁၆ဥပုသ်နေ့အဘို့ဆာလံသီချင်း။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုခြင်း ငှာ၎င်း၊ စာင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တုရိယာ၊ တယော၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်း ပြခြင်းငှာ၎င်း လျောက်ပတ်ပေ၏။အိုထာဝရ ဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော် မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။အိုထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန်နက်လှပါ၏။တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူနားမလည်သော အမူအရာဟူမူကား၊မတရား သောသူတို့သည် မြက်ပင်ကဲ့သို့ ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်း ကြသောအခါ၊ ထာဝရပျက်စီးခြင်း သို့ရောက်ရသော အကြောင်းပေတည်း။ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။ ဆာလံကျမ်း ၉၂း၁-၈မတရား သောသူတို့ကို အပြစ်မှ လွှတ်သောသူနှင့်၊ ဖြောင်မတ်သောသူတို့ကိုအပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာ တော်မူ၏။မိုက်မဲသောသူသည် ပညာကို အလိုမရှိသည် ဖြစ်၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။အဆွေခင်ပွန်းသည် အခါ ခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလ အဘို့မွေးဖွားလျက်ရှိ၏။ဥာဏ် မဲ့သောသူသည်လက်ဝါးချင်းရိုက်၍၊ အဆွေခင်ပွန်း အရှေ့မှာ အာမခံတတ်၏။ရန်တွေ့ခြင်းကိုနှစ်သက်သော သူသည် လွန်ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကိုချီးမြ‡င့်သော သူသည်ပျက်စီးခြင်းကို ရှာတတ်၏။သဘောကောက်သောသူသည် ကောင်းသောအကျိုးကိုမတွေ့တက်။ စကားလိမ်သောသူသည် ဘေးဥပဒေနှင့် တွေ့ကြုံတတ်၏။မိုက်သောသူကို ဖြစ်ဘွားစေသောသူသည်မိမိကို မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာ အကြောင်းမရှိ။စိတ်ရွှင်လန်းခြင်းသည် ကျန်းမာ စေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။မတရား သောသူသည် တရားလမ်းကို ဖျက်သောအဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်။ဥာဏ်ရှိ သောသူသည်ပညာကိုမျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။မိုက်သောသူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသောအမိစိတ်ညစ်စရာ အကြောင်း ဖြစ်၏။ ဖြောင့်မတ်သော သူကိုအပြစ်ဒဏ် မပေးကောင်း။ တရားသဖြင့်စီရင်သော မင်းကိုလည်း မထိခိုက်ကောင်း။ သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည်စကာမများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း ဧသော စိတ်ရှိတတ်၏၊မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍င်း၊ မိမိနှုတ်ကို မဖွင့်ဘဲ နေသောသူကိုလည်း ဥာဏ်ကောင်း သောသူဟူ၍င်း သူတပါးထင်တတ်၏၊၊ သုတ္တံကျမ်း ၁၇း၁၅-၂၈သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသော လက်ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဘိုးထိုက်တန်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသော မိန်းမဆင်သင့်သည် အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှါငါအလိုရှိ၏။မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာ သင်စေ။မိန်းမသည်ဆုံးမသြဝါဒပေးခြင်း၊ ယောက်ျားကိုအစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။အကြောင်းမူကား၊ အာဒံကိုရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။ထိုမှတပါး၊ အာဒံသည် လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။သို့သော်လည်း၊ ဣနြေ္ဒစောင့်ခြင်း နှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင်၊ သားဘွားခြင်းအမှု၌ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ တိမောသေသြဝါဒပဌမစောင် ၂း၈-၁၅ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကိုပြ လျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊ဘုရားရှင်သည် ဇိအုန် သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊ ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊ ဟေရှာယအနာဂတ္တိကျမ်း ၃း၁၆း၂၂ထိုနောက် ဘုရားသခင်က၊ သင်ထ၍ ဗေသလအရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသော ထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင်အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ်အား မိန့်တော်မူ၏။ထိုအခါ ယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။ယခု ထ၍ ဗေသလအရပ်သို့ သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်ဟု ဆိုလေ၏။သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်းတန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ် လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင် အောက်၌ မြ‡ုပ်ထားလေ၏။ ကမ္ဘာဦးကျမ်း ၃၅း၁း၎ အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်း သော မိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း၁-၆သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။ ရှင်ယောဟန်ခရစ်ဝင် ၁၀း၁၀ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာအကြောင်းကိုမပြုဘဲ၊ေ ကာရိ န္တု သြဝါဒစာပဌမစောင် ၁၀း၃၁
မြေကြီးပေါ်မှာနေသော သူတည်းဟူသောအ သီးအသီးဘာသာစကားကိုပြောသောလူ မျိုး အနွှယ်ခပ်သိမ်းတို့အားထာဝရဧဝံဂေလိတ ရားကိုဟောရသောကောင်းကင်တမန်တပါး က၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြ လော့။တရားစီရင်တော်မူသောအချိန်ရောက် လာပြီ၊ကောင်းကင်မြေကြီး၊၊သမုဒ္ဒရာနှင့်စမ်း ရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့်ပြော ဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၁၄း ၆-၇
Saturday, June 24, 2017
ငါ့သား၊ ငါ့စကားကို စေ့စေ့ နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
What day is the Sabbath, Saturday or Sunday? Do Christians have to observe the Sabbath day
What day is the Sabbath, Saturday or Sunday? Do Christians have to observe the Sabbath day
Question: "What day is the Sabbath, Saturday or Sunday? Do Christians have to observe the Sabbath day?"
Answer: It is often claimed that “God instituted the Sabbath in Eden” because of the connection between the Sabbath and creation in Exodus 20:11. Although God's rest on the seventh day (Genesis 2:3) did foreshadow a future Sabbath law, there is no biblical record of the Sabbath before the children of Israel left the land of Egypt. Nowhere in Scripture is there any hint that Sabbath-keeping was practiced from Adam to Moses.
The Word of God makes it quite clear that Sabbath observance was a special sign between God and Israel: “The Israelites are to observe the Sabbath, celebrating it for the generations to come as a lasting covenant. It will be a sign between me and the Israelites forever, for in six days the Lord made the heavens and the earth, and on the seventh day he abstained from work and rested” (Exodus 31:16–17).
