Saturday, November 5, 2016

လူမျိုးတကာတို့ ၏အမိ အာဒံနှင့် ဧဝ

 

ထာဝရဘုအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။ ကမ္ဘာဦးကျမ်း ၃း၂၀

လောက ဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ကျိန်းဝပ်တော်မူသည်မဟုတ်။

ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသော အရာတို့ကိုပေးတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။

ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကို၎င်း၊ သူတို့၏နေရာအပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။

အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။ တမန်တော်ဝတ္ထု ၁၇း၂၄-၂၇

မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း၊စကားတစ်မျိုးတည်ရှိရှိကြသည်ဖြစ်၍။ကမ္ဘာဦးကျမ်း ၁၁း၁

မှတ်ချက်။ဤကျမ်းစာ၌ပါရှိသော အချက်မှာတွင်ပါဝင်သောအချိန်ကာလသည် လူကို ဖန်ဆင်းပြီသည်နောက်
နှစ်ပေါင်း ၁၇၀၀ ကျော်ကျော်ဖြစ်သည်။

 လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်း ငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။

ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။

သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကိုမြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍ တွင်သတည်း။ ကမ္ဘာဦးကျမ်း ၁၁း၈-၉


မှတ်ချက်။လူမျိုးတို့သည် ဘုရားသခင်၏ကတိတော်ကိုမယုံကြည်သော

ကြောင့် ဗာဗုလုရဲတိုက်ကိုတည်ဆောက်ကြသည်။အစအဦးက်အပြစ်မ

ဝင်လျှင် လူမျိုးအပေါင်းတို့သည်  မကွဲပြားနိုင်သောနိုင်ငံတပါးဘာသာ

စကားလည်းတစ်မျိုးတစ်ဘာသာရှိကြပေလိမ့်မည်။ ယခုအပြစ်ဒုစရိက်သည် အနည်း နည်းအားဖြင့်  ကွဲပြားခြင်းသွန်သင်ကြောင့် နိုင်ငံများပြည်

များ။နယ်ခရိုင်များ ကြို့ကြီးမြို့ငယ် ရပ်ရွာများ ရွာဇနေပုဒ်များ အရပ်များ၊အိ

မ်များ လူများတို့သည် အစဉ်တစိုက် တစ်နှင့်တဦးဆန်ကြင်ဘက်ပြုကြညသည်

 ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၂း၃၂

သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။

 ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ ဧဖက်သြဝါဒစာ ၂ ၁၃း၁၆

သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂၃း ၈

ထိုမှတပါးတပည့်တော်တို့သည် မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိသည်ဖြစ်၍၊

ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထား သောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။

သင်တို့မူကားထိုသို့မပြုကြနှင့်၊ သင်တို့တွင်အကဲ အမှူးပြုသောသူကိုငယ်သား ကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်းအစေခံကဲ့သို့ဖြစ်စေ။ ရှင်လုကာခရစ်ဝင် ၂၂း၂၄-၂၆

မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘရားသခင်၏ တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။ ရှင်မဿဲခရစ်ဝင် ၂၂း ၁၆

ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက် ခြင်းမရှိကြနှင့်။

 ရွေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကို ဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊

 တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေ လော့။ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင် ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည်ပြောဆိုလျှင်၊

တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံ အစည်နှင့်စီရင်သောသူဖြစ်ကြသည်မဟုတ်လော။

ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော။

သင်တို့သည် ဆင်းရဲသော သူကိုမထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သောသူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။ 

သင်တို့ကို သမုတ်သောနာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။

ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။

သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၁-၉

ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ရှင်လုကာခရစ်ဝင်၁၀း၂၇

 ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။

ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း ဟု တပည့်တော်တို့အားဆိုကြ၏။

 ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ ရှင်မာကုခရစ်ဝင် ၂း၁၅-၁၇

ထိုမိန်းမကလည်း၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်းဟု ဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဘော် ခြင်းမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၄း၉

ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။

 အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊

ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။

နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇနက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွတော်မူ၏။

အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၄း၄၀၄၅

ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတယောက် သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကိုယူခဲ့၍၊

နာက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ဆီမွှေးနှင့်လိမ်းလျက်နေ၏။

ကိုယ်တော်ကိုခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်သည်ဟု ထင်မှတ်၏။

 ယေရှုကလည်း အချင်းရှိမုန်၊ သင့်အားငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့် ရှိတော်မူပါဟု လျှောက်သော်၊

 ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြား ငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။

သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူ နှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

ရှိမုန်ကလည်း၊ သာ၍ကျေးဇူး ကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ ဟုလျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်းမှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊

ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။

သင်သည် ငါ့ကိုမနမ်း။ သူမူကား၊ ငါ့အိမ်သို့ဝင်သောအချိန် မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။

သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကိုဆီမွှေး နှင့်လိမ်းလေပြီ။

ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ် သော အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။

ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။

စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။

 ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင် ၇း၃၇-၅၀

နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။

မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။

သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။

ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊

သသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။ 

ရှင်လုကာခရစ်ဝင် ၇း၁၁-၁၅

သူငယ်သေကြောင်းကို ထိုသူတို့သည် သိသဖြင့် ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။

ထိုသူရှိသမျှ တို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ လက်ကိုကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊

စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။ သူ့အားစားစရာ ပေးလော့ဟု မိန့်တော်မူ၏၊ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအား မျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။ ရှင်လုကာခရစ်ဝင်၅၃-၅၆

ယေရှုသည် ထိုမိန်းမကိုမြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည်အနာ ရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊

သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည်ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလေ၏။ ရှင်လုကာခရစ်ဝင် ၁၃း၁၂-၁၃

ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင်

၁၀-၁၆

ကောင်းကင် ဖွင့်လှစ်သည် ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သောတန်ဆာသည် မိမိဆီသို့ဆင်းသက် လာသည်ကို၎င်း မြင်လေ၏။

ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်း ကင်၌ကျင်လည်သောငှက်မျိုး တို့သည်ရှိကြ၏။

စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟုလာ၏။

ပတရုကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မဆင်ကြယ်သော အရာကို အကျွန်ုပ်သည် တရံတခါမျှမစားဘူးပါဟု ပြောဆို၏။

နာက်တဖန် စကားသံကား ဘုရားသခင် ဆင်ကြယ်တော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။

ထိုသို့ သုံးကြိမ်မြောက်အောင် လာပြီးလျှင် ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။

ပတရုသည် မိမိမြင်ရသောဗျာဒိတ်ရူပါရုံကား အဘယ်သို့ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကိုမေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊

ပတရု အမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါသလောဟု မေးမြန်းဟစ်ခေါ်ကြ၏။

 ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။

ထ၍ ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သောသူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊

ပတရုသည် ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု သူတို့အားမေး၏။

ထိုသူတို့ကလည်း ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသောသူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော် ကိုမိမိအိမ်သို့ ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း သန့်ရှင်းသောကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။

ပတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ် ကိုအချို့တို့သည် လိုက်ကြ၏။

ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင၊် ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏။

ပတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦး ကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပြပ်ဝပ်လျက်ကိုးကွယ်လေ၏။

ပတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟု ဆို၏။

ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊

ပတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါးအမျိုးသားတို့နှင့် မပေါင်းဘော်မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည်မဆင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။ တမန်တော်ဝတ္ထု  ၁၀း၁၁-၂၈

ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ ဂလာတိသြဝါဒစာ ၂း၂၈

သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍နေကြသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍ မနေရကြ။ သူတို့၏စိတ်ကို နှိုးစော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တပါးအမျိုးသားတို့၌ သက်ရောက်လေ၏။

သူတို့၏ လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည် တပါးအမျိုးသားတို့၏ စီးပွားကို၎င်း ပြုစုလျှင်၊ သူတို့၏ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော၊ 

ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကို တခုခုအားဖြင့် နှိုးစော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသားဖြစ်သော သင်တို့အား ဆိုရသတည်း။ေ ရာမၾသဝါဒစာ ၁၁း၁၁-၁၃

အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်း အားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၂း၁၃

ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူ ချင်းဖြစ်ကြ၏။ သင်တို့သည်  ဘုရားသခင်၏ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်းဖြစ်ကြ၏။

ဘုရားသခင်၏ ကျေးဇူးတော်ကိုငါခံရသည်နှင့်အညီ၊ လိမ္မာ သော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍တည်ဆောက်လေ၏။ သို့ရာတွင် အဘယ်သို့ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိ ပြုပါစေ။

အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှ တပါးအခြား သောတိုက် မြစ်ကိုအဘယ်သူမျှမချနိုင်။ ကောရိ န္တု သြဝါဒစာပဌမစောင်၃း၉-၁၃

အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏ ဧဖက်သြဝါဒစာ ၃း၁၄-၁၅

ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။

 အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။

သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ပဌနာပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ ရောမသြဝါဒစာ ၁၀း၁၂-၁၃

များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။

စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။

ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။ 

တမန်တော်ဝတ္ထု ၁၅း၇-၉