မိစ္ဆာသိုးထိန်းများ၏ အကြောင်း သမ္မာကျမ်းစာမှဖေါ်ပြခြင်း
![]() |
| မိစ္ဆာပရောဖက်များ အကြောင်း |
၁။ကောင်းသောသိုးထိန်းမူကားအဘယ်သို့ရှိသနည်း
ကောင်းသောသိုးထိန်းလည်းဖြစ်၏။ကောင်းသောသိုးထိန်းတို့သည် သိုးအဘို့အလိုငှါ မိမိ အသက် ကိုစွန့်
တတ်၏။-ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၀ အခန်းငယ်၁၁ မှာတွေ့ရှိသော အချက်မှာ
မှတ်ချက်။ယေရှုခရစ်တော်သည် လောကလူများအတွက်အသက်စွန့်၍ ချစ်တော်မူသည်ဟူ၍ ဖေါ်ပြခြင်း
ကိုတွေ့ရှိနားလည်းရသည်။အခုခေတ်တရားဟောဆရာဖြစ်ပါလျက်နှင့်၊အသင်းသူအသင်းများသာအိမ်းသို့ မကြွချီ
ဘဲ မိမိအိမ်၌သာလျှင်တရားဟောဆရာများသည်များစွာရှိပေသည် မိမိအသက်စွန့်ဘိုမပြောပါနှင့်
ကိုယ်အကျိုး အတွက်မရှိသောအခါတွင် အသင်းများ အိမ်သို့ တရားဒေသနာတိုက်ကျွေးခြင်း အဘို့အလို့ငှါ
မစဉ်းစားမတွေးဆကြပါ။ကျွန်တော်ခရစ်ယာန်တယောက်ဖြစ်လာခဲ့သော်လည်းအနှစ်(၂၄)နှစ်တာကာလပတ်
လုံး တရားဟော ဆရာများတို့ သည် တဦးတယောက် မတွေ့ရှိရပါ။
၂။ခရစ်ယာန်တရားဟောဆရာဖြစ်ပါလျက်နှင့် အဘယ်ကြောင့် အသင်းသူအသင်းများအိမ်သို့မကြွချီ
သနည်း
အဖြေ။ဖတ်စရာသမ္မာကျမ်းစာရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၀းအခန်းငယ် ၁၂ကို ဖတ်ကြည့်မယ်
သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊သူငှါးဖြစ်သောသူမူကား၊တောခွေးလာသည်ကိုမြင် လျှင်၊သိုး ဘို့ကိုပစ်
ထား၍ထွက်ပြေးတတ်၏။တောခွေးသည်လည်း သိုးတို့ကိုလုယက်၍ကွဲလွင့်စေ၏။
မှတ်ချက်။သိုးပိုင်ရှင်မဟုတ်သောကြောင့် သိုးထိန်းများသည် လည်း မိမိကိုယ်ကျိုး အတွက်သာကြည့်၍သိုး
အဘို့ အလိုငှါ တရားဒေသနာတိုက်ကျွေးခြင်းမရှိ။ အချို့သော သိုးထိန်းတို့သည် သိုးနို့ရည် သောက်
ရသော သိုးခြံများသာသွားလာတတ်သည်ကိုတွေ့ရှိသည်ဖြစ်၏။ သိုးထိန်းဖြစ်လျက်ပင် တောခွေးလာသော
အခါတွင်လည်း မိမိပိုင်သော သိုးမဟုတ်သောကြောင့် မိမိအသက်စွန့်၍ သိုးများစောင့်ရှောက်ကမည့်အစား
ကိုယ်ကျိုးစီးပွားရှာတတ်ကြသည်တွေ့ရှိသည်။
၃။မိစ္ဆာသိုးထိန်းတို့သည်အဘယ်သို့ရှိဟုသည်ဖ်ါပြသနည်း
သူငှါးသည် သူငှါးဖြစ်၍ သိုး၏အကျိုး။ အကျိုးကိုမမှတ်သောကြောင့်ထွက်ပြေးတတ်၏။ ရှင်ယောဟန်ခရစ်
ဝင်ကျမ်း အခန်းကြီး ၁၀း၁၃
မှတ်ချက်။သိုးများအငှါးထိန်းသောသူမူသည်ကာသိုးများအကျိုးကိုမသိမမှတ်မိမိအကျိုး ရည်မှတ်တတ်သော
သိုးဖြစ်သည်။အခကျေးငွေရှိဖို့အတွက်သိုးများထိန်းခြင်းသက်သက်ဖြစ်သည်။တရားဟောဆရာသမားတို့သည်
လည်းအသင်းသူအသင်းသားများထံသို့သွား၍ တိုက်တွိင်းနိုးဆော် ခြင်းမရှိ။ မိမိအလှူငွေရရှိဘို့အတွက်သက်
သက်ရဘို့ သာလျှင်စဉ်းစားတတ်သည် ခရစ်ယာန်တရားဟောဆရာ အများပြားရှိသော်လည်း အသင်းသူအ
သားများ ဥပုသ်နေ့ ၌ အလုပ်သွားနေသည်ကိုမသိကြ ထာဝရ ဘုရားသခင် ဥပုသ်တော်၌အ တွင်းအလုပ်မ
လုပ် အသင်းသူ အသင်းသားများ အခက်ခဲ့ပြဿနာ ကိုဖြေရှင်းပေးခြင်း မရှိကြ ကျွန်တော်ဆိုလျှင် ဥပုသ်
နေ့အလုပ်မလုပ်လို့အလုပ်ရုံ၌အကြံမ်ကြံမ်အခါခါစစ်ဆေးမေးမြန်းများခံရသည်သို့သော်လည်း မိမိသက်ဆိုင်
ရာ အသင်းတော်မှာ ဆရာကြီးများထံသို့ အကြောင်းကြား၍ ထောက်ခံစာ တောင်းသော်လည်း ယနေ့ထိ
တိုင်အောင် ဆောင်ရွက်ခြင်းမရှိ အသိမှတ်ပြုခြင်းမရှိ ကျွန်တော် အလုပ်ရုံ၌ အလုပ်သမား မှတ်ပုံတင်ပြန်
ပေးပြီး ဒီအလုပ်ရုံကထွက်တော့မယ်ဟူ၍ အလုပ်၌ ပြောဆိုခဲ့ဘူးသည် ဘုရားသခင်၏ ဥပုသ်နေ့ ဖြစ်သော
သတ္ထမနေ့တွင်လုံးဝအလုပ်မလုပ်ကြောင်းအလုပ်ရုံ မန်နေဂျာရုံး၌ အကြံမ်ကြံမ် အခါခါ စကားများခဲ့ဘူးသည်
အသင်းတော်မှ ဆရာသမား ထံသို့အကြောင်းကြာ အသိပေးသော်လည်း ဂရုစိုက်ခြင်း လုံးဝမရှိပါ။
ဒီမှာရှိသောအသင်းတော်များ၌သွား၍အကူညီတောင်းဆိုသော်လည်းလုံးဝအသိမှတ်ပြုခြင်းမရှိကြ၊
ဆယ်ဘို့ တဘို့ပို့ပေးသော်လည်း နေကောင်းလာတောင် မေးမြန်ဘော်မရ အခုခတ် တရားဟောဆရာ
သမားများ ခရစ်တော်၏ အသင်းတော်၌ သိုးထိန်းမှန်လျှင်။ လူးမျိုမခွဲ နေရာဒေသမခွဲ တမ်းအသင်းသား
တယောက်ဖြစ်ကြောင်း အသိမှတ်ပြုသင့်သည် သို့သော်လည်း အသင်းသားမဟုတ်လျှင် ဘုရားကျောင်းသို့
လာမည်မဟုတ် မသိကြ။ အခုခေတ်သိုးထိန်းများ သိုးများပြန်၍ ရှာနေသော ကာလ၌ဖြစ်သည်
ဆက်လျက်၍ ဖတ်ရန်သမ္မာကျမ်းစာ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆း အခန်းငယ် ၁၀ မှ၁၂
အထပ်၍ဖတ်ရန်
သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အကယ်၍ မဟောင်နိုင်သောခွေး
၊ ယောင်ယမ်း ခွေး၊ အိပ်လျက်အိပ်ချင်းအားကြီးသောဖြစ်ကြ၏။စားချင်း အာကြီး၍ ဝမ်းမပြည့် နိုင်သော
ခွေးလည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မကြည့် မရှုတတ်ကြ။ ထိုသိုးထိန်း ရှိသမျှတို့သည် လမ်းလွှဲ
၍ မိမိတို့လမ်းသို့ လိုက်သွားကြပြီ။ တယောက်မျှမကြွင်း၊ တညီ တညွတ်တည်း ကိုယ်ကျိုးစီးပွါးကို သာရှာ
တပ်ကြ၏။လာကြစပျစ်ရည်ကိုယူခဲ့မည်။သေရည်သေရက်ကိုဝစွာသောကြစို့၊ ယနေ့ဖြစ်သကဲ့သို့နက်ဖြန်
နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟုပြောဆိုတတ်ကြ၏။
မှတ်ချက်။သမ္မာကျမ်းစာမှဖေါ်ပြချက်မှာ ကင်းစောင့်သောမျက်စိကန်းကြ၏ဆိုသောစကားမှာ အချို့သော
တရားဟောဆရာသမားတို့ ငွေဖြင့် မျက်နာကိုဖုံးအုပ်ထား၍ အမှန်တရားကိုမတွေ့မြင်ကြ။မဟောင်နိုင်
သောခွေးဆိုသောစကားတွင်းတရားဟောဆရာသမားတို့သည်လည်းလူမုန်းမှာစိုးရိမ်သဖြင့် အမှန်တရားကို
မပြောနိင်ကြ။တချို့သောဆရာသမားတို့သည်လည်းအသင်းတော်မှာအသင်းသူ အသင်းသားတို့ကို မကြည့် မရှုကြ အသင်းသားတို့သည်လည်း ထာဝရ ဘုရားသခင် သန့်ရှင်းသော ဥပုသ်နေ့တွင်း အလုပ်ငန်း
များ အလုပ် လုပ်နေကြသည် တရားဟောဆရာသမားများတို့ အသင်းများအတွက် မည့်အရာကိုမျှ မစဉ်းစား
ပေးကြပေ အသင်းသူ အသင်းများတို့သည်လည်း ကိုယ်ကျိုး စီးပွားနောက်သို့လိုက်၍ ထာဝရ ဘုရားသခင်
၏ဥပုသ်နေ့များ၌အလုပ်လုပ်နေရကြသည် သေရည်သေရက်နှင်ယစ်မူးနေကြ သောအကြောင်းရင်းမှာ တကယ်
သေရည်သေ ရက်သောက်စားခြင်းမဟုတ် စီးပွါးရှာ၍ စီးပွါးရေးနှင့် ပျော်ပိုက်နေသော သူများကိုလည်းဆို
ခြင်းဖြစ်သည်။ဝမ်းမဝနိုင်သောခွေးများ ဆိုသောစကားတွင် အချို့သော အသင်းသားများဖြစ်စေ ဆရာသ
မားဖြစ်စေ ကိုကျိုးစီးပွါးရှိ၍ ဘယ်တော့မှမပြည့်စုံသော သူများကိုပင်ဆိုလိုသည်
၎။သိုးများကိုအစာတိုက်ကျွေးခြင်းအမှန်တကယ်ရှိမည်သနည်း
သူတို့ရောက်လာသည်အခါ၊ ပေါလုက၊ ငါသည် အာရှိ ပြည့်သို့ ရောက်သော နေ့မှစ၍ ယခုတိုင်အောင်
သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင့်တို့သိကြ၏။ တမန်တော်ဝတ္ထု အခန်းကြီး ၂၀ အခန်ငယ်
၁၈
သင်တို့နှင့်အတူ ရှိသောဘုရားသခင်၏ သိုးတော်စုကိုထိန်းခြင်း အမှုမှာ၊အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ် သောစီးပွါးကို တပ်မက်သော ကြောင့် မဟုတ်ဘဲ၊အလိုလို စေတနာ ရှိ၍ကြည့်ရှု့အုပ်
ထိန်းကြလော့။ ရှင်ပေတရုသြဝါဒစာပဋ္ဌမစောင် အခန်းကြီး ၅း အခန်းငယ် ၂
မှတ်ချက်။ စိတ်နှလုံး ဖြူစင်ကြသောစိတ်နှင့် ဘုရားသခင်၏အသင်းတော် ကြည့်ရှု့ပါဟူ၍ ဆိုလိုပေ
သည် ကျွန်ပ်တို့ အသင်းတော်၌ အမှုတော်ပါဝင်ဆက်ကပ်သော အခါတွင် အခွင့်ကောင်းတခုခု ကိုမျော်
လင့်၍ အမှုတော်အတွက် မလုပ်ပါနှင့် ကိုယ်ကျိုးစီးပွါး အသင်းတော်၌လည်း မရှာပါနှင့် စေသနာစိတ်
နှင့်အမှုတော် အတွက် လုပ်ဆောင်ပါ လောကီသားတို့ ကိုဘုရားသခင်ချစ်တော်မူသကဲ့ သို့ မိမိကိုယ်ကျိုး
စွန့်၍ အမှုတော်၌ပါဝင်ဆက်ကပ်ပါ။
၅။ကျွန်ပ်တို့ အဘယ်အတွက်ကြောင့် ဧဝံဂေလိတရားတော်ကိုပြောကြသနည်း
ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော် ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊သေသောသူတို့ကိုစစ်
ကြော စီရင်တော်မူသော သခင်ယေရှု ရှေ့၌ မှာ၎င်း၊ ဘုရားသခင့်၏ရှေ့မှာ၎င်း၊ ငါသည် သင့်ကိုသစ္စာ
ပေးသည်ကား၊ နှုတ်ကပတ်တော် တရား တော်ဟောပြောလော့၊ အချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ကြိုး
စားအားထုပ်လော့၊ အပြစ်ကိုဘော်ပြလော့. ဆုံးမခြင်းကိုပြုလော့၊အလွန်ရှည်သောစိတ်နှင့်သြဝါဒမျိုးကိုပေး
၍ တိုက်တွင်းသွေးဆောင်လော့၊ တိမောသေသြဝါဒစာ အခန်းကြီး ၄း အခန်းငယ် ၁-၂
မှတ်ချက်။ကျွန်ပ်တို့သည် အဘယ်ကြောင့် ဧဝံဂေလိတရားကိုဟောရသည်မှာ အသက်ရှင်သောအပေါင်းတို့
ကို၎င်း။သေလွန်သောသူအပါင်းတို့ကို၎င်း။ ယေရှုခရစ်ရှေ့၌ ဘုရားသခင်၏ရှေ့၎င်း တရားစီရင်တော်မူ
သော အချိန်ကာလ၌ ကယ်တင်ခြင်းတရားရှိမည့်အကြောင်း နှုတ်ကပတ်တရားတော်ကို၎င်း အချိန်ရှိသည်
မရှိသည်ဖြစ်စေ အချိန်နှင့်တပြေးညီ တရားဒေသနာကိုဟောရမည်ဟူ၍ သစ္စာစောင့် တည်၍အလွန်
ရှည်သောစိတ်နှင့် အပြစ်ကိုဘော်ပြပါဟူသောစကား နှုတ်ကပတ်တရားကို မှန်ကန်စွာဟောပြောရမည်
အကြောင်းရင်မှာ သမ္မာကျမ်းစာနှင့် ကိုက်ညီစွာဟောပြောမည်ဖြစ်သည်
၆။ကောင်းသော သိုးထိန်းမူကား အဘယ်သို့သောပုံသက်သေကိုပြုကျင့်ရမည်သနည်း
အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့၊ဆုံးမသြဝါဒကိုပေးသောအခါ၊မိစ္ဆာ
ဒိဠိနှင့်ကင်းခြင်း၊တည်ကြည်ခြင်း၊အပြစ်တင်ဘွယ်မရှိ၊စင်ကြယ်သောတရားစကားကိုကိုဟောပြောခြင်းတို့ကို
ပြုလော့သို့ဖြစ်၍၊တဘက်၌နေသောသူသည်ငါတို့ကို ကဲ့ရဲ့စရာအခွင့်မရနိုင်သောကြောင့်၊ရှက်ခြင်းကြောက်
ခြင်းသို့ရောက်လိမ့်မည်။ တိတုသြဝါဒစာ အခန်းကြီး ၂း အခန်းငယ် ၇-၈
မှတ်ချက်။များသောစွာတရားဟောတို့သည်လည်း၊သမ္မာတရားတော်၌ရှိသောအကြောင်းအရာများတို့မဟော
ပြောသောကြောင့်၊ကောင်းသောအကျင့်မရှိသောကြောင့်၊များစွားသောခရစ်ယာန်အပေါင်းတို့ သည် လည်း
သူတဖက်၌ ကဲ့ရဲ့ခြင်းကိုခံရသည်။တရားဟောပြောသောအခါတွင်လည်း နှုတ်
ထွက်တရားတော်များအခြေမခံသော ခရစ်ယာန်ဘာသာတရားကို ကဲ့ရဲ့ခြင်းများစွာတွေ့ကြုံရသည်။များစွာ
သော ခရစ်ယာန်အပေါင်းတို့သည်လည်း။ သမ္မာကျမ်းစာမဟုတ်သော စာများကိုအဟုတ်လုပ်၍ များစွာရေး
သားကြသည်။ကျွန်ပ်တွေ့ရှိသော အခါ၌ သမ္မာကျမ်းစာမဟုတ်ကြောင်းပြော၍ ဆုံးမခြင်းပြုသောအခါတွင်
တဘက်၌ လည်းအမှန်တရားကိုမတွေ့ကြသည်ကိတွေ့မြင်ရသည်
၇။ကျွန်ပ်တို့သည် အဘယ်အတွက်ကြောင့် တရားဟောပြောနေသနည်း
အချင်းလူသား၊သင့်ကို က္ကှသရေလ အမျိုး၌လည်းကင်းစောင့်စေ ခြင်းငှါ ငါခန့်ထားသောကြောင့်၊သင်သည်
ငါ၏ နှုတ်ထွက်စကားကို နားထောင်၍သူ တို့ကိုသတိပေးရမည်။ ငါသည် လူဆိုးအား၊ အိုလူဆိုး၊အကယ်စင်
စစ် သင်သည် အသေခံရမည်ဟုဆိုသော အခါ ဆိုးသောသူကိုသူ၏ လမ်းမှ လွှဲစေခြင်းငှါ သင် သည် သတိပေးလျှင် ထိုလူဆိုးသည်မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။သို့ရာတွင်၊သူ၏ အသက်၌ငါတောင်း
မည်။-သို့မဟုတ်၊လူဆိုးကိုသူ၏လမ်းမှလွှဲစေခြင်းငှါ၊သင်သည်သတိပေး၍သည်မလွှဲဘဲခြင်းငှါ၊ သင်သည်သတိပေး၍သူသည် မလွှဲဘဲနေလျှင်၊ သင်သည် ကိုယ်အသက်ကိုကယ် တင်ပြီ
ယေဇကျေလအနာဂတ္တိကျမ်း ၃၃း ၇-၉
မှတ်ချက်။အဘယ်ကြောင့် ကျွန်ပ်ဟောပြောရသည်မှာ ဘုရားသခင်၏ ကျွန်ဖြစ်သော ကျွန်ပ်သည် မပြော
ဘဲနေလျှင်။ လူဆိုး၏ အသက်ဖိုး ကျွန်ပ်ထံမှာဘုရားသခင်တောင်းမည်ဖြစ်သောကြောင့် ကျွန်ပ်ဟောပြော
ရခြင်းဖြစ်သည်။ လူဆိုးအား ကျွန်ပ်သတိပေး၍ သူသည်လမ်းလွှဲ၍ မလိုက်လျှင် သူသည်လည်းကယ်တင်
ခြင်းရောက်ရှိမည်အကြောင်း ကျွန်ပ်ပြောရသည် ဘုရားသခင်၏ ကျွန်ဖြစ်သော ကျွန်ပ်သည် ဘုရားသခင်
၏ကင်းစောင့် ဖြစ်သောကြောင့် ရန်သူလာသော အခါ၌လည်း လူအပေါင်းတို့အား သေခြင်းတရားမှလွတ်
မြောက်ရန်အတွက် လူအပေါင်းတို့ သတိပေး နိုးဆောင်ရပေသည် သို့မဟုတ်လျှင်ထိုသူအပေါင်း၏ အသက်
ကို ကျွန်ပ်၏ အားကျွန်ပ်၏ လူဆိုးများ၏ အသက်ဖိုးအား ကျွန်ပ်ထံသို့ ကျွန်ပ်သင့်အား တောင်းမည်
ဖြစ်သောကြောင့် ကျွန်ပ်သည် တရားဒေသနာတော်ကို ဟောပြောရခြင်းဖြစ်သည်ထိုလူဆိုးသည်မိမိ အပြစ် သိလျှင် နောင်တရတရားအားဖြင့် ပြုပြင်လျှင်ထိုသူအားကယ်တင်ခြင်းရောက်သောအခါတွင်ကျွန်ပ်၏ သခင်ဝမ်းမြောက် သကဲ့သို့ ကျွန်ပ်သည်လည်း ကျွန်ပ်၏ သခင်နှင့်အတူဝမ်းမြောက်ခြင်း ကိုရရှိမည့်အ
ကြောင်း ဟောပြောရပေသည်
၈။မျက်ကန်းတို့သည်အဘယ်သို့ သောအကျိုးကိုရှိကြမည်သနည်း
ကိုယ်တော်ကလည်း၊ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်စိုက် တော် မမူသော အပင်င်ရှိသမျှ
တို့ နှုတ်ရလိမ့်မည်။- ထိုသူတို့ရှိပါလေစေ။ သူ တို့သည် လူကန်း တို့အား လမ်းပြ သောသူ ကန်းဖြစ်ကြ၏။
လူကန်းချင်း တဦးကို တဦးလမ်းပြလျှင်၊နှစ်ဦးတို့သည်တွင်းထဲသိုကျကြလိမ့်မည်ဟုမိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၅ အခန်းငယ်၁၄
၉။အသင်းအုပ်ဆရာသမားတို့အား သမ္မာကျမ်းမှာအဘယ် ဥပမာပေး၍ ပြောဆိုသနည်း
သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ရှိသမျှတို့သည်မိုက်ကြ၏။အ၍မဟောင်နိုင်သောခွေး။ယောင်
ယမ်းသောခွေး၊အိပ်လျက်အိပ်ချင်အားကြီးသောခွေးဖြစ်ကြ၏။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆း
အခန်းငယ် ၁၀
မှတ်ချက်။ကင်စောင့် သောသူတို့မျက်စိကန်းကြ၏။ ဒီအချက်မှာ ဥပမာအားစစ်သည်တယောက်ကင်းစောင့်
နေတယ်ထားပါစို့ ရန်သူလာနေတယ် သူတွေ့တယ်။ဘယ်ကြောင့် မပစ်ခတ်လဲသူသည်ရန်သူ၏လူဖြစ်လိမ့်
မည်
သို့မဟုတ် ရန်သူဖြစ်ပါလျက်နှင့် အဘယ်ကြောင့် သူပြန်၍ မတိုက်လဲ လပ်ထိုးထားခြင်းသော၎င်း သို့မဟုတ်
ရန်သူ၏လူအစစ်ဖြစ်လိမ့်မည်ထိုဥပမာအား ဖြင့်ကျွန်ပ်တို့ခရစ်ယာန်တရားဟောဆရာသမားတို့သည် ရန်သူဘက်၌ရှိသောကြောင့် ပြန်၍မတိုက်လှန် ငွေအားဖြင့်သော၎င်းမျက်စိကိုဖုံးကွယ်ထား၍ သော၎င်း မပြောနိုင်ကြခြင်း ဧကန်အမှန်သည်ဖြစ်သည် အမှန်တရားကိုမပြောနိုင်ချေ
၁၀။မိစ္ဆာသိုးထိန်းတို့သည်အဘယ်သို့ရှိကြသနည်း သူတို့သည်အဘယ်သို့ပြောဆိုကြ၍ မျက်နာပျက်ကြ
သနည်း
ချမ်းသာမရှိသောအခါ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏လူမျိုး သတို့ သမီး အနာကို ပေါ့လျောစွာ ကုကြ၏။
သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှက်ကြသလော့။အလျင်းမရှက်ကြ။ မျက်နာ မပျက်တတ်ကြ။ထို
ကြောင့်၊ တယောက်နောက်တယောက်လဲကြလိမ့်မည်။ငါစစ်သောအခါနိပ်ချခြင်းသို့ ရောက်ကြလိမ့်မည်
ဟု ထာဝရ ဘုရားမိန့်တော် မူ၏။ ယေရမိအနာဂတ္တိကျမ်း ၆း ၁၄-၁၅
မှတ်ချက်။ခရစ်ယာန်ဘာသာဝင်အပေါင်းတို့သည် ရုပ်တုကို ကိုးကွယ်၍ ရုပ်တုကို ကိုးသောသူအပေါင်းတို့
နှင့်ပေါင်းဘာ်၍ချမ်းငြိမ်းရေးဟုပြောဆိုလျက်ရုပ်တုကိုကိုးကွယ်စေခြင်းငှါကပ်သိုးလိပ်ဘာသာမှပုပ်ရဟန်မင်းကြီး
အသင်းတော်၌ ငြိမ်းချမ်းရေးဟု၍ ပြောဆိုတတ်သည်သမ္မာတရားနှုတ်ထွက်တရားတော်နှင့်မညီလျော်သော
ဘာသာဝင်တို့နှင့် ပေါင်း၍ သန့်ရှင်းသော ထာဝရ ဘုရားသခင် အသင်းတော် ရွံရှာဘွယ်အမှုကိုသွန်
သင်၍ ငြိမ်းချမ်ရေးဟု၍ပြောဆိုတတ်သည် သတို့သမီးဆိုသောအချက်မှာ ဘုရားသခင်၏ သန့်ရှင်းသောအ
သင်းတော်ရည်မှတ်၍ ဆိုလိုသတည်း အနာဟုသောစကား၌ သမ္မာတရားနှင့်မညီလျော်သော အရာတို့ကိုအ
သင်းတော် သွန်သင်၍ လွှဲမှားသောအယူအဆ တခုဖြစ်သည်
၁၁။ အဘယ်သို့တရားဟော၍ ထိုသူတို့သည်အဘယ်သို့ဖြစ်ကြသည်ကိုကျွန်ပ်တို့သိမြင်နိုင်သနည်း
တရားတော်မူချက်ဟောကို၎င်း၊သက်သေခံတော်မူချက်ကို၎င်းနားထောင်ကြကုန်။သူတို့ပြောသောစကား
သည်နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတတ်သေး။ ဟေရှာယအနာဂတ္တိကျမ်း ၈း၂၀
ယဇ်ပုရော၏နှုတ်ခမ်းသည်သည်ပညာကိုစောင့်ရမည်။သူ၏နှုတ်ခမ်း၌လူတို့သည် တရားတော်ကိုရှာရကြ
မည်။အကြောင်းမူကား၊သူသည်ကောင်းကင်းဗိုလ်ခြေရှင်ထာဝရ ဘုရား စေလွှတ်တော်မူသောတမန်ဖြစ်၏
။သင်တို့မူကား၊လမ်းလွှဲကြပြီ၊ လူများတို့သည် တရားတော်ကိုထိမိ၍လဲစေခြင်းငှါပြုကြပြီ။လေဝိမျိုးနှင့် ဖွဲ့
သော ပဠိညာဉ်ကိုဖျက်ကြပြီဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
မှတ်ချက်။တရားဟောသူတို့၏သက်သေခံချက်ထောက်ရှု၍ သူတို့သည် သမ္မာကျမ်းစာနှင့်မညီလျော်လျင်
သူတို့သည် အလင်းတရားသူတို့မရှိကြောင်းကို သိရသည်
၁၂။သိုးထိန်းဖြစ်သောသူ သည်မိစ္ဆာသိုးထိန်းဖြစ်ကြောင်း အကျွန်တို့သည်အဘယ်သို့ သို့ကြည့်ရှု၍နိုင်ကြ
မည်လော့။
ဗျာဒိတ်တော်ရှိသမျှသည်တံဆိပ်ခတ်သောစာကဲ့သို့သင်တို့၌ဖြစ်၏။ထိုစာဘတ်သောသူအားပေး၍။ဤစာ
ဘတ်ပါလော့ဟုဆိုလျှင်၊ထိုသူက၊ ဤစာကို ငါမတတ်နိုင်တံဆိပ်ခတ်လျက်ရှိ၏ဟုပြန်၍ပြောတတ်ကြ၏
ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာဘတ်ပါလော့ဟုဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ်ဟုပြန်
ပြော၏။ထာဝရ ဘုရားကလည်း၊ ဤလူမျိုးသည် နှုတ် ငါ့သို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။
စိတ်နှစ်လုံး မူကား ငါနှင့်ဝေးလှေ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက် ရွံကြ၏။ထို
ကြောင့်၊အံ့ဩကြောက်မက်ဘွယ်သောအမှုကိုဤလူမျိုးတွင် တဖန်ငါ့ပြုမည်. သူတို့၏ပညာရှိတို့၏ပညာ
သည် ပျက်စီးလိမ့်မည်။ဥာဏ် ကောင်း သော သူ၏ ဥာဏ်လည်းကွယ် ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏
ထာဝရဘုရားကိုမသိစေခြင်းငှါ၊နက်နဲသောအကြံကိုကြံ၍၊မှောင်ထဲမှာအမှုကိုပြုလျက်၊ငါတို့ကိုအ ဘယ်သူ မြင်နိုင်သနည်းဟု ပြောဆိုတတ်သောသူ တို့သည်လည်းအမင်္ဂလာ ရှိကြ၏။သင်တို့သည်
ဖောက်ပြန်ကြသည်တကား။အိုးထိန်းသမားကို၊မြေကဲ့သိုမှတ်ရမည်လော့။လုပ်အပ်သောအရာသည် လုပ်တတ်သော သူကိုရည်မှတ်၍၊ဤသူသည် ငါ့ကိုမလုပ်ဟုဆိုရမည်လော့။ဖန်ဆင်းအပ်သော အရာ
သည် ဖန်ဆင်းတတ်သောသူရည်မှတ်၍၊ ဤသူ၌ ပညာတတ်မရှိဟုဆိုရမည်လော့။
ဟေရှာယအနာဂတ္တိကျမ်း ၂၉း ၁၁-၁၆
၁၃။ နောင်ကာလသို့ရောက်သော အခါ၌ အဘယ်သို့ရှိကြသနည်း
အကြောင်းမူကား နောင်ကာလ၌လူတို့သည် စင်ကြယ်သောသြဝါဒကို နားမခံနိုင်ဘဲ၊ယားတတ်သော နား
ရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များသော ဆရာတို့ နှောက်သို့လိုက်ကြလိမ့်မည် သမ္မာတရားကိုနားမ
ထောင်ဘဲ ၊ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။ အသင်မူကား၊အရာရာ၌ သမ္မာသတိရှိ
လော့။ဆင်းရဲဒုက္ခကိုခံလော့၊ သာသနာပြု ဆရာဆောင်ရွက်ရသော အမှုကိုဆောင်ရွက်လောဓမ္မာဆရာ
အရာ၌ ခန့်ထား၍ ပြုရသော ဝတ်များကိုအကုန်အစင်ပြုလော့။ တိမောသေသြဝါဒစာဒုတ်စောင် ၄း၃-၅
မှတ်ချက်။ကျွန်ပ်တို့ သည်နောက်ဆုံသော ကာလသို့ရောက်ရှိသောအတွင် သမ္မာတရားဟူသော သမ္မာ
ကျမ်းစာ နှုတ်ကပတ်တရားတော် မဟောတော့ဘဲ မိမိနှင့်သက် အရာတို့ ကိုခရစ်ယာန်ဘာသာတရား၌
သွန်သင်ခြင်းကိုပြုကြ၍ မိမိတပ်မက်သည့်အတိုင် ဟောပြောကြလိမ့်မည် ကျွန်ပ်သည် ဆရာတယောက်
မဟုတ်သောလည်း ခရစ်တော်ကို ယုံကြည်သူ တယောက်အနေဖြင့် သမ္မာတရားကို စင်ကြယ်သော သြ
ဝါဒမျိုးကိုပေး၍ သတိပေးနိုးဆောင်ရပေသည် အချို့သော သူအပေါင်းတို့သည်လည်း ယားတတ်သော
နားရှိ၍ မိမိတပ်မက်ခြင်းအတိုင် များသောဆရာသမားတို့နောက် လိုက်၍ လမ်းလွှဲကြလိမ့်မည်။ ကျွန်ပ်
ထာဝရ ဘုရားသခင်၏ ကျွန်ဖြစ်သောသူဖြစ်သောကြောင့် ကျွန်ပ်ပြုရမည့်ဝန်ကိုအကုန်အစင်ပြုရမည်
လော့။
၁၄။အချို့သောသူများတို့ အဘယ်သိုချော့နော့၍ အဘယ်သို့ ပြောဆိုကြသနည်း
သူတို့ကလည်း ဗျာဒိတ်တော်ကိုမခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့ အား ၎င်း၊မှန်သော စကားကို ငါတို့အား
မဟောပါနှင့်။ချော့မော့သောစကားကိုပြောကြပါ၊ လှည့်စားသောစကားကိုဟောကြပါ၊ လမ်းလွှဲကြပါ။ မှန်
သောလမ်းကိုရှောင်ကြပါ။ က္ကှသရေအမျိုး၏ သန့်ရှင်းသော ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု
ပရောဖက် တို့အား၎င်း ဆိုတတ်ကြ၏။ ဟေရှာယအနာဂတ္တိကျမ်း ၃၀ ၁၀- ၁၁
မှတ်ချက်။အခုကာလလူးအပေါင်းတို့သည်လည်း ဘုရားသခင် သမ္မာတရားဖြစ်သောနှုတ်ထွက်တော် တရား
တော်များကိုဟောသည့်အခါတွင်း မပြောပါနှင့် ပညတ်တော်သည်လိုက်ရှောက်ရန်မလွယ်ကူပါ ချစ်ခြင်းမေ
တ္တာတရားအကြောင်းဘဲဟောပြောပါဟူ၍ ဆိုတတ်သည်ကိုတွေ့မြင်ရသည်။
၁၅။သိုးထိန်းတို့သည်လည်း အဘယ်သို့သောလမ်းကိုလွှဲစေသနည်း
သိုးထိန်းတို့သည် တောင်များအပေါ်မှာ လမ်းလွှဲ စေကြပြီ။ သူတို့သည် တောင်တလုံးမှ တလုံးသို့သွား၍။
ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။ ယေရမိအနာဂတ္တိကျမ်း ၅၀း ၆
ဘုရားသခင်၏ ငြိမ်ဝပ်သော ဥပုသ်နေ့ ၌ လွှဲမှားစွာ သွန်သင်ကြဟု၍ ထာဝရ ဘုရားသခင်သခင်မိန့်တော်
၏ ကျွန်ပ်တို့သည် မူလအစ၌ ဘုရားသခင်ဖန်ဆင်းစဉ်ကလ၌ ငြိမ်ဝပ်သော ဥပုသ် နေ့ ကို မေ့လျော့ကြဖြစ်
၍ ဘုရားသခင် ကျွန်ပ်တို့ သတိပေးခြင်အကြောင်းကိုတွေ့ရသည်
