Saturday, April 23, 2016

                                      ကောင်းကင်တမန်သုံးပါးတို့၏သိတင်းစကား
ထာဝရဘုရားသခင်၏ဖန်ဆင်းအစ၌ပကတိဥပုသ်
နေ့။
ပထမနေ့ရက်ကို ထာဝရ ဘုရားသခင်သည်အဘယ်အရာကို
ဖန်ဆင်းတော်မူသနည်း။
အစဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။-မြေကြီးသည်အဆင်းသဏ္ဍာန်
မရှိ၊လွတ်လပ်ဟာဖြစ်၏။နက်နဲအရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍၊ဘုရားသခင်၏ဝိညာဉ်တော်
သည် ရေမျက်နာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏
ဘုရားသခင် ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်၏။--အလင်းနှင့်အမှောင်ကို ပိုင်းခြား ခွဲထား တော်မူ၏။- အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကိုညဥ့်ဟူသော
အမည့်ဖြင့်၎င်း၊ ခေါ်ဝေါ် သမုတ်တော်မူ၍၊ ညဥ့်နှင့် နံနက်သည် ပဋ္ဌမနေ့ရက်ဖြစ်လေ၏
ကမ္ဘာဦးကျမ်း၊ အခန်းကြီး ၁ အခန်းငယ် ၁ ၌တွေ့ရပေသည်
မှာတ်ချက်။ကျွန်ပ်တို့သည်ခရစ်တော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပဋ္ဌမနေ့ကို ရှင်ပြန်
ထမြောက်သောနေ့ဟူ၍အလေးနက်ထား၍၊တနှင်္ဂနွေနေ၌ဘုရားဝတ်ပြုကိုးကွယ်ကြသောလည်း
ခရစ်ယာန်ဖြစ်ခဲ့သောလည်း အဘယ်အရာကိုမျှ အလေးအနက်မရှိကြခြေ ကျွန်ပ်တို့၏နစ်လုံးထဲ
၌ ခရစ်ယာန်တယောက်ဖြစ်လာသောလည်း အခြင်းနည်းတွေးစခြင်းဝတ်ပြုကိုးကွယ်ခြင်းဖြစ်ကြ
သည် မသိည့်မှတ်ကြခြေ။ကျွန်ပ်တို့ ဓမ္မာသစ်ကျမ်း၌ပဋ္ဌမနေ့ဟူ၍သမ္မာကျမ်းစာ၌များစွာသော
ဖေါ်ပြခြင်းကိုတွေ့ရှိပေသည်။
ဓမ္မသစ်ကျမ်း၌ ပဋ္ဌမနေ့ကိုတချက်လောက်လေ့လာကြည့်ရအောင်လာ ဓမ္မမိတ်ဆွေအပေါင်းတို့
ဥပုသ်နေ လွန်၍ ခုနှစ်ရက်အတွင်း ပဋ္ဌမနေရက် မိုဃ်းလင်းအံ့ဆဲဆဲ အချိန်၌၊မာဂဒလမာရိနှင့်
အခြားသောမာရိသည်သင်္ချိုင်းတော်ကိုအကြည့်အရှုသွားကြ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၁
၌တွေ့ရှိရပေသည်။
မှတ်ချက်။ခရစ်တော်ဘုရားကိုယုံကြည်သောသူအပေါင်းတို့သည် ယေရှုခရစ်တော်သေလွန်သော
နေ့ကိုသမ္မာကျမ်း၌ အဘယ်သို့ဖေါ်ပြခြင်းကိုတွေ့ရှိနားလည်နိုင်ကြမည်ကိုရှင်လုကာခရစ်ဝင်ကျမ်း
အခန်းကြီး ၂၄း အခန်းငယ် ၅၂မှ၅၆ကိုဖတ်ရှုလေ့လာကြည့်သောအခါတွင်အဘယ်သို့တွေရှိနား
လည်တွေ့ရှိသည်ကို အလေးအနက်ထားသင့်ကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား တိုက်တွန်း
နိုင်ဆော်လိုက်ပေသတည်း
ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။- အလောင်းတော်ကိုချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီး
လျှင်၊ တယောက် ကိုမျှ မသင်္ဂျိုတ်ဘူးသော ကျောက် တွင်း၌ ထားလေ၏။-ထိုနေ့ကား၊အဘိတ်
နေ့ ဖြစ်၍ ဥပုသ်နေ့ အချိန်နီးသတည်း။-ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမ
မျာသည် သင်္ချိန်တော်ကို၎င်း၊အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်းအကြည့်အရှုလိုက်
လာကြ၏။-ထိုနေ့မှပြန်ပြီလျှင်ဆီမွှေးနှင့်နံ့သာမျိုးကိုပြင်ဆင်၍ ပညတ်တော် အတိုင်းဥပုသ်နေ့
၌ အလုပ်မလုပ်ဘဲနေကြ၏။
မှတ်ချက်။ဓမ္မာသစ်ကျမ်းများတွင်လည်း ဥပုသ်နေ့ကိုအလေးနက်ထားရှိသည်ကို ကျွန်ပ်တို့တွေ့
ရှိသည်ဖြစ်၍။ထာဝရ ဘုရားသခင်ကိုယုံကြည့်သောသူအပေါင်းတို့ ကျွန်ပ်ဥပုသ်နေ့အကြောင်း
အဘယ်အတွက်ကြောင့် အကျွန်ပ်ရှင်းလင်းတင်ပြရသည်မှာ ကျွန်ပ်တို့ခရစ်တော်သည်လည်း
ဖန်ဆင်းအရှင်ဖြစ်ကြောင်း ကိုတွေ့ရှိနားလည်ရသောကြောင့် ယေရှုခရစ်တော်သည် လောက၌မကြွ
လာမှီ ဘုရားဖြစ်ကြောင်း သမ္မာကျမ်းစာများအတွင်း၌ များစွာဖေါ်ပြခြင်းကိုတွေ့ရသည်ဖြစ်၍
တချက်လောက်ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး တစ်အတွင်း၌ ဖန်ဆင်းအရှင်သည်ခရစ်
တော်ဖြစ်ကြောင်းကိုဖေါ်ပြထားခြင်းကိုတွေ့ရှိနိုင်သည်
အစအဦး၌ နှုတ်တော်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။နှုတ်
ကပတ်တော်သည်လည်း။ထိုနှုတ်ကပတ်တော်သည်ခပ်သိမ်းသောအရာတို့ ကိုဖန်ဆင်းတော်မူ
၏။ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွှတ်လျက်ဖြစ်သောအရာတစုံတခုမျှမရှိ။ရှင်ယောဟန်ခရစ်ဝင်
ကျမ်း အခန်းကြီးတစ်၌ ဖေါ်ပြချက်မှာ ယေရှုခရစ်တော်သည် ဖန်ဆင်းအရှင်ဖြစ်ကြောင်းကိုဖေါ်
ထားခြင်းကိုတွေ့သည်ဖြစ်၍
(မှတ်ချက်။ကျွန်ပ်တို့ခရစ်ယာန်အပေါင်းတို့သည်ဖန်ဆင်းခြင်နှင့်ပတ်သက်၍အဘယ်အမျှလောက်
လောက်နားလည်တွေ့ရှိသည်ကျွန်တော်မသိဘာသို့သော်လည်းဖန်ဆင်း၏ ခြင်းအကြောင်းများ
တွင် ထာဝရ ဘုရားသခင်သည် ဖန်ဆင်းပြုပြင်တော်မူသောအရာအလုံးစုံး၌ ပြီးစီးသောကြောင့်
ထာဝရ ဘုရားအရှင်သည် အဘယ်သို့သောအမှုကိုပြုသည်ကို အလေးနက်ထား၍ စဉ်းစားသင့်
ကြောင်းကို ကျွန်တော်ဖေါ်ပြလိုက်ရပေးသည်
ဖတ်ရန်သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း အခန်းကြီးနှစ်အတွင်း၌ ထားဝရဘုရားသခင်သည်ဖန်ဆင်း
သမျှတို့ အဘယ်သို့ သောအမှုကိုပြုသည်မှာ ရှိနားလည်ရန်အတွက် သမ္မာကျမ်းကိုဖတ်ကြည့်ရ
အောင်
ထိုသို့ ကောင်းကင် မြေကြီးနှင့်တကွ၊ခပ်သိမ်းသော တန်ဆာ တို့သည် ပြီးစီလျက်ရှိကြ၏။သတ္ထ
မ နေ့ရက် ရောက်လျှင်၊ဘုရားသခင်သည် ဖန်ဆင်းသော အမှုကိုလက်စသတ်တော်မူခဲ့ပြီ။သည်
ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာ တို့ သည် ပြီးစီးမှ၊ ထိုသတ္ထမ နေ့၌ ငြိမ်းဝတ်စွာနေတော်မူ
၏။ ထိုသတ္ထမနေ့ကို ဘုရားသခင်သည် ကောင်းကြီး ပေ၍ သန့်ရှင်းစေ တော်မူ၏။အကြောင်းမူ
ကား၊ ဖန်ဆင်းတော်ပြုပြင်တော်သောကြောင့်၊ ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။
ကမ္မာကျမ်း အခန်းကြီးနှစ် အခန်းငယ်တစ်မှ သုံးကိုဖတ်ရှုသောအခါတွင်
မှတ်ချက်။ဖန်ဆင်းသမျှသော အမှုတို့ပြီးစီးသောကြာင့် ထာဝရ ဘုရားသခင်သည်ကောင်းကြီးမ
င်္ဂလာကိုသွန်းလောင်းပေးသောအချက်ကိုတွေ့ရှိပေသည်။နောက်တချက်ကဘာတွေ့ရလဲဆိုရင်
ထိုနေ့ရက်သန့်ရှင်းစေတော်မူ၏။ဆိုသော အချက်တချက်ကိုတွေ့ရှိသည်ဖြစ်။ ကျွန်ပ်တို့သည်
ဘုရားသခင်၏ ဥပုသ်နေ့ စောင့်ထိန်းခြင်အားဖြင့် ကောင်းကြီးမင်္ဂလာကိုခံစားရသောအခွင့်ကိုရ
ရှိသည်ဖြစ်ကြောင်း သမ္မာကျမ်းမှဖေါ်ပြခြင်းကိုတွေ့ရှိသည်ဖြစ်သည်
ယေရှုခရစ်တော်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခြင်းရှိ ကြောင်းကိုသမ္မာသစ်ကျမ်း၌ ဖေါ်ပြ
ခြင်းကိုလေ့လာကြည့်ရအောင်
ထိုသားတော်သည် မျက်မြင် မရသော ဘုရားသခင်၏ပုံသဏ္ဍာန်တော်ဖြစ်၏။ဝေနေယျသတ္တဝါ
အပေါင်းတို့တွင်းလည်း သားဦးဖြစ်တော်မူ၏အကြောင်းမူကား၊ထိုသားတော်သည် ကောင်းကင်
ပေါ်၊မြေကြီးပေါ်မှာရှိသမျှသောရှုပအရာ၊အရှုပအရာ၊ရာဇပလ္လင်ဖြစ်စေ၊အစိုးရခြင်းတန်ခိုးဖြစ်စေ
၊အအထွဠ် အမြတ်ဖြစ်စေ၊အာဏာစက်ဖြစ်စေ၊ခပ်သိမ်သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ထို
သခင်အားဖြင်၎င်း၊ထိုသခင်အဘို့အလိုငှါ၎င်း၊ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ
၏။ ကောလောသဲသြဝါဒစာ အခန်းကြီး တစ်၌ သမ္မာကျမ်းစာမှဖေါ်ပြချက်မှာ ယေရှုခရစ်တော်
သည်ဖန်ဆင်းအရှင်ဖြစ်ကြောင်းတွေ့ရှိနိုင်သည် အခန်းငယ် ၁၅-၁၆ကိုဖတ်လိုက်ပါ
မှတ်ချက်။ကျွန်ပ်တို့သည်ဖန်ဆင်းအရှင်ထာဝရဘုရားသခင်ကိုယုံကြည်သောသူအပေါင်းတို့သည်
ဖန်ဆင်းခြင်း သက်သေလက္ခဏာ ဘယ်သို့သိရှိနားလည်ထားသည်ကျွန်တော်မသိရပါ သိုသော်
လည်း သမ္မာကျမ်းစာကိုဖတ်သောအခါတွင် ကျွန်တော်အားဘုရားသခင်၏ နှုတ်ထွက်တရားတော်
မှဖေါ်ပြမှာများ ဖန်ဆင်း၏ သက်သေက္ခဏာ တည်သော ဘုရားသခင်၏ ဥပုသ်တော်နေ့ဖြစ်
ကြောင်း သမ္မာကျမ်းတော်မြတ်မှာဖေါ်ပြာထားသည်ကို ကျွန်တော်နားလည်တွေ့ရှိခဲ့သည်
ဆက်လက်၍ ဖတ်စရာကျမ်းစာ ထွက်မြောက်ရာကျမ်း အခန်းကြီး နှစ်ဆယ် ၂၀ အခန်းငယ် ရှစ်၈မှ တစ်ဆယ်အထိဖတ်ပါ ၁၁
ဥပုသ်နေ့ သန့်ရှင်းစေခြင်း ငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။--ခြောက်ရက်ပတ်လုံး အလုပ်မျိုး
ကို ကြိုးစား၍ လုပ်ဆောင်လော့။သတ္ထမနေ့ရက်သည်သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့မှစ၍ သင်၏ သားသမီး၊ကျွန်ယောက်ျား၊ကျွန်မိန်းမ၊တိရစ္ဆာန်၊သင်၏
တံခါးအတွင်း၌ နေသော ဧည်သည် အာဂန္တုသည် အလုပ်မရ။အကြောင်းမူကား၊ထာဝရဘုရား
သည် မိုဃ်းကောင်းကင်၊မြေကြီး၊သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်အတွင် ဖန်ဆင်း၍
သတ္ထမနေ့ရက်၌ ငြိမ်းဝပ်စွာ တော်မူ၏။ ထိုကြောင့် ထာဝရ ဘုရားသည် သတ္ထမနေ့ ရက်ကိုေ
ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
မှတ်ချက်။သမ္မာကျမ်း၌ ဖေါ်ပြချက်များမှာ ဖန်ဆင်း၏ အထိန်းအမှတ်ဖြစ်သော သတ္ထမနေ့ကို
အောက်မေ့ပါဟူ၍ ဖေါ်ပြထားသည်။ ထာဝရ ဘုရားသခင်အမိန့်တော်မူသည်ကား၊ခြောက်ရက်
အတွင်း အလုပ်မျိုးစုံကို ကြိုးစာ၍ လုပ်ဆောင်လော့ဟူ၍ ဖေါ်ပြထားသည် ခြောက်ရက် မိမိ၏
သားသမီးဖြစ်စေ ကျွန်ယောက်ျား ကျွန်မိန်းမ အလုပ်မလုပ်ရဟူသော အမိန့်တော်ရှိသည်ကို
တွေ့ရှိနားလည်နိုင်ပေသတည်း ။နောက်တချက်ဘယ်သို့ဖေါ်ပြထားသည်မှာ အသင်း၏ ဘုရား
ထာဝရ ဘုရားသခင်ဟူ၍ ဖေါ်ပြခြင်းကိုတွေ့ရသည် ထာဝရ ဘုရားသခင်သည် ခြောက်ရက်အ
တွင်း ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူကြောင်းကိုဖေါ်ပြထားသည်ဖြစ်သည်
နောက်ထပ်၍ လေ့လာစရာအကြောင်းအရင်မှာ ဥပုသ်တော်သည် အဘယ်မျှလောက် ကျွန်ပ်တို့
အတွက်အရေးပါရှိသည်တွေ့မြင်နားလည်နိုင်ကြသည်မှာ သမ္မာကျမ်းစာ၌လေ့လာမှသာလျှင်
အအဘယ်မျှလောက် ကျွန်ပ်တို့ အတွက်အရေးကြီးသောအချက်လက်ဖြစ်ကြောင်းသိမြင်ရမှာ
ဖြစ်သည် ဆင်လက်၍ လေ့လာစရာသမ္မာကျမ်း ထွက်မြောက်ရာကျမ်း အခန်းကြီးသုံးဆယ်တစ်
၃၁ အခန်းငယ် တစ်ဆယ်ငါးမှတစ်ဆယ်ရစ်တိုင်အောင်ဖတ်ရှုလေ့လာကြည့်ကြရအောင် ဘာထူ
ခြားချက်တွေ့ရှိနိုင်လဲ ကျွန်တော်တော့မပြောတတ်ဘူး သမ္မာကျမ်းစာကဖေါ်ပြပေးပါလိမ့်မည်
ခြောက်ရက်ပတ်လုံး အလုပ် လုပ်ရမည်။သတ္ထမနေ့သည် ထာဝရဘုရားသန့်ရှင်း၍ငြိမ်ရသော
ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့ အလုပ်လုပ်သောသူ မည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။-
သိုဖြစ်၍၊က္ကှသရေလအမျိုးသား အစဉ်အဆက် တို့သည် ထာဝရ ပဠိညာဉ် ဖြစ်စေခြင်းငှါ၊ဥပုသ်
စောင့်ရကြမည်။ထိုသို့စောင့်လျှင်၊ ငါနှင့်က္ကှသရေလအမျိုးသားစပ်ကြား၌ ထာဝရ လက္ခဏာ
ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရ ဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်
့ရက်တွင်ဖန်ဆင်း၍၊သတ္ထမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက်အားဖြည့်တော်မူသည်ဟု မောရှေအား
မိန့်တော်မူ၏။ ထိုသို့ဘုရားသခင်သည်သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်
အဆုံး၌၊လက်ညှိးတော်နှင့်အက္ခရာတင်သောသက်သေခံချက်ကျောက်ပြားနှစ်ပြားကိုပေးတော်
မူ၏။
မှတ်ချက်။သမ္မာကျမ်းစာ၌ဖေါ်ပြချက်မှာ ခြောက်ရက်အလုပ်လုပ်ရမယ်ဆိုသောအချက်ကိုတွေ့ရ
သည်၊သတ္ထမနေ့သည်ထာဝရဘုရားသခင်၏သန့်ရှင်းသောနေ့ရက်ဖြစ်ကြောင်းဖေါ်ပြထားသည်။
ဥပုသ်နေ့ အလုပ်သော သူမည်ကားဧကန်အသေခံရမည်ဟူသောအမိန့်တော်ရှိကြောင်းကိုဖေါ်ပြ
ထားသည်ဖြစ်၍။ကျွန်ပ်တို့သည်ဘုရားသခင်၏အမိန့်တော်ကိုလွန်ဆန်နိုင်သောအခွင့်မရှိကြောင်း
နားလည်နိုင်သည်။ဥပုသ်နေ့တို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအမှတ်သားဖြစ်ကြောင်း
ကိုဖေါ်ပြထားသည်ကိုနားလည်နိုင်သည်။ဥပုသ်နေ့သည်လည်း ကျွန်ပ်တို့နှင့်ထာဝရဘုရားသခင်
နှင့် ထာဝရ ဘုရားသခင်ကိုယုံကြည်သောသူအပေါင်းတို့နှင့် စပ်ကြား၌ သက်သေလက္ခဏာ ပဠိညာဉ် တရားဖြစ်ကြောင်းကိုဖေါ်ပြထားသည်။ ပဠိညာဉ်ဆိုသောစကားမှာ ဂတိသစ္စာစကား
ဂတိကဝတ်ပြုခြင်း သစ္စာစောင့်တည်ခြင်းပင်ဖြစ်သည် ဟူ၍ အဓိပ္ပါယ်သက်ရောက်သည် ကျွန်ပ်
တို့သည် ယေရှုခရစ်တော်အားဖြင့်သာလျှင် ထာဝရဘုရားနှင့်ဆက်သွယ်နိုင်သောအခွင့်ကောင်း
တရပ်ဖြစ်သည် ဆက်၍ သိရှိနိုင်သောအချက်လက်များ ထိုပဠိညာဉ်ကျောက်ပြားနှစ်ချက်သည်
ထာဝရ ဘုရားသခင်ကိုယ်တ်ာတိုင်လက်ညှိုးတော်အားဖြင့်အက္ခရာတင်ကြောင်းကိုတွေ့
ရှိရသည်
ယေရှုခရစ်တာ် ပညတ္တိကျမ်း အနာဂတ္တိကျမ်းများ ကိုဖျက်ခြင်းကိုတွေ့ရနိုင်သလော့
ဖတ်စရာသမ္မာကျမ်းစာ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ငါး၅အခန်းငယ်တစ်ဆယ်ခုနှစ်မှတစ်
ဆယ်ရှစ်ကို ဖတ်ရှုပါက တွေ့ရှိနိုင် သောအချက်လက်ဖြစ်သည်
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့် ။ဖျက်ပယ်
ခြင်းငှါ ငါလာသည်မဟုတ်။ပြည့်စုံခြင်းငှါငါလာသတည်း။- ငါအမှန်ဆိုကား၊ကောင်းကင်နှင့်မြေ
ကြီးမပျက်စီးမှီ တိုင်အောင် ပညတ္တိကျမ်း၌အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မ
ရောက်မှီ မပျက်စီးရ။
မှတ်ချက်
ယေရှုခရစ်မိန့်မူတော်သော အချက်များမှာ ယေရှုခရစ်တော်သည် ပညတ္တိအနာဂတ္တိကျမ်းရှိ
သမျှတို့ကိုပြည့်ရန်အတွက်သာလာကြောင်းကိုဖေါ်ပြသည်ကိုတွေ့ရှိသည်။ကောင်းကင်နှင့်
မြေကြီးပျက်စီသော်လည်း ရှိသမျှသောပညတ္တိအနာဂတ္တိကျမ်းတို့သည်မပျက်ကြောင်းကိုဖေါ်
ပြသည်ဖြစ်၍ အဘယ်မျှလောက် ပညတ်တရားတို့သည်အရေပါကြောင်းခရစ်တော်ကို
ယ်တိုင်
အောင်သက်ခံတော်မူကြောင်းသိရှိနားပေသတည်း
ယေရှုခရစ်သည်အဘယ်သို့မိန့်တော်ကြောင်းကိုသိရှိနားလည်ကြမည်လော့
ငါ့ကိုချစ်လျှင် ငါပညတ်ကိုစောင့်ရှောက်ကြလော့။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၁၄း အခန်းငယ်
တစ်ဆယ်ငါး၌ ဖေါ်ပြချက်မှာ ငါကိုချစ်လျှင်သာလျှင်ပညတ်တော်တို့စောင့်ရှောက်ပါဟူ၍ဖေါ်ပြ
ထားသည် ဓမ္မမိတ်ဆွေတို့ ကျွန်ပ်တို့သည် ယေရှုခရစ်ကိုနှစ်လုံးသားအထဲ၌ကအမှန်တကယ်
ချစ်သောသူလျှင် ပညတ္တိကျမ်း အနာဂတ္တိကျမ်းကိုစောင့်ရှောက်သွားမည်ဖြစ်ကြောင်းတင်ပြ
လိုက်ပပေသတည်း
ကျွန်ပ်တို့သည် မုသာကိုသုံးသောခရစ်ယာန်နှင့် စစ်မှန်သောခရစ်ယာန်အဘယ်သို့ပိုင်းခြား၍
သိရှိနိုင်ကြမည်သည်မှာ ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် အခန်းကြီးနှစ်၂ အခန်းငယ်သုံး၃မှခြောက်အထိဖတ်ရှုသော အခါတွင်မုသာကိုသုံး ခရစ်ယာန်ကိုတွေ့ရှိနိုင်လည်
ရကြောင်းသမ္မာကျမ်းစာမှဖေါ်ပြထားသည်ကိုတွေ့ပါသည်
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည် အဘယ်သို့ သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို
စောင့်ရှောက်လျှက်သိရသတည်း။ ထိုသခင်ငါသိ၏ဟုပညတ်တော်တို့ ကိုမစောင့်ဘဲလျက်ဆို
သောသူသည်မုသာကိုသုံးသောဖြစ်၍ ထိုသူ၌သစ္စာမရှိ။-ထိုသခင်၏စကားတော်ကိုနားထောင်
သောသူမည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့်အမှန်ပြည်စုံ၏။ငါတိုသည်ထိုသခင်၌ရှိ
ကြောင်းထိုသို့အားဖြင့်သိရကြ၏။ ထိုသခင်၌ငါတည်ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူ
သည်နည်းတူကျင့်ရမည်။
မှတ်ချက်။
ကျွန်ပ်တို့သည်ခရစ်တော်ကိုယုံကြည်သောသူစစ်မှန်လျှင်၊ပညတ်တရားတော်အတိုင်းလိုက်ရှောက်
ရမည်ဖြစ်ကြောင်းသမ္မာကျမ်းစာမှာဖေါ်ပြသည်ဖြစ်၍ ပညတ်တရားတော်တို့မစောင်နှင့်ယေရှုခ
ရစ်တော်ကိုယုံကြည်ပါတယ်ဟုဆိုသောသူအပေါင်းတို့သည်လည်း သမ္မာကျမ်းစာမှဖေါ်ချက်မှာ
ထိုသူတို့သည် သစ္စာမရှိသောသူများဟူ၍တွေ့ရှိသည်
သစ္စာပျက်သောသူတို့၏လမ်းအဆုံးကဘယ်သို့ရှိသည်သနည်မူကား ဗျာဒိတ်ကျမ်း ၂၁း အခန်းငယ် ၈၌ တွေ့ရှိသောအချက်မှာ အဘယ်သို့သောဟူနားလည်နိုင်ကြလော့
ကြောက်တတ်သောသူ၊မယုံကြည်သောသူ၊စက်ဆုပ် ရွှံ့ရှာဘွယ်သောသူ။လူအသက်ကိုသတ်
သောသူ၊မတရားသောမေထုန်၌မှီဝဲသောသူ၊ပြုစားတတ်သောသူ၊သစ္စာပျက်သောသူအပေါင်း
တို့မူကား၊ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သောမီးအိုင်ထဲ၌မိမိအဘို့ကိုရကြလိမ့်
မည်
မှတ်ချက်။ကြောက်တတ်သောသူ။ဆိုသောစကားမှာ အချို့သောသူများတို့သည် လူမုန်းမှာ
ကြောက်၍ မပြောရဲသောသူများ မယုံကြည်သောသူ၊ခရစ်ယာန်ဖြစ်ပါလျက်နှင့် ဘုရားသခင်
စကားတော်များ ကိုအဟုတ်ကိုအဟုတ်အမှန်တိုင်းမဟောပြောသောသူများ၊လူအသက်ကို
သတ်သောသူများဆိုသောစကားများ၌၊လူကိုသတ်လက်နက်အားဖြင့်သတ်သည်မဟုတ် သမ္မာ
တရားများလွှဲမှားစွားသင်ပြသောသူများတို့သည်ပါဝင်သည်။မေထုန်၌ဆိုသောစကားများအဓိပ္ပါယ်
များစွာရှိကြောင်းတွေရသည်။ ဘုရားသခင်၏ ဥပုသ်တော်နေ့ကို မစောင့်ထိန်းဘဲလောကီမှ
သိည့်မှတ်ပြုထား သော ဥပုသ်နေ့ကိုစောင့်ထိန်းခြင်းအားဖြင့်သော၎င်းတို့အတွင်ပါကြောင်းသိရ
သည်။သစ္စာပျက်သောသူဆိုသောစကားမှာ ဘုရားသခင်၏ပဠိညာဉ်တော်ပညတ်တရား၌ သစ္စာပြုခြင်း ဖြစ်ကြောင်းသိရသည်။